အမျက်မရှိ
ဘယ်သူမှ မယူနိုင်တဲ့ ငါ့အတွေးရေလျဉ်
ခုဆို နင့်အကြောင်းပဲအမြဲရှိတယ်
ဘယ်သူ့အတွက်မှ မမက်ခဲ့တဲ့ ငါ့စိတ်ကူးအိပ်မက်
နင့်အတွက် ငါအမြဲမက်နေဆဲပဲ
ဘယ်သူမှ မသိမ်းပိုက်နိုင်တဲ့ ငါ့နှလုံးသား
နင်က တိတ်တိတ်လေး ခိုးဝှက်သွားတယ်
မျက်ရည်မကျတတ်တဲ့ ငါ
နင့်အတွက် တိတ်တိတ်လေး ငိုတတ်လာတယ်
ရေခြားမြေခြားမှာ ဝေးကွာနေတဲ့ ငါ
နင်ရှိမယ့်အရပ်ဆီ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တယ်
မာကျောတဲ့ငါ့စိတ်ဓါတ် နင့်အတွက်နဲ့
ပျော့ပြောင်းခဲ့ရတယ်….
ငါ့ရဲ့ ဟစ်ကြွေးမှုတွေ နင့်အတွက်ကြောင့်
ဟာသ တစ်ပုဒ်ဖြစ်ခဲ့ရတယ်…
မာန်မာနကြီးတဲ့ ငါ….
နင့်အတွက်တော့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးဖြစ်ခဲ့ရတယ်..
နင်ချိုးဖျက်ခဲ့တဲ့ ငါတို့ရဲ့ကတိတွေ အိပ်မက်တွေအတွက်တော့
မမုန်းရက်ခဲ့ပါဘူး….ချစ်သူရယ်…………..
အချစ်ကြီးရင် အမျက်ကြီးသတဲ့လား…
ငါ့အတွက်ကတော့ မင်းအပေါ် အမျက်ဆိုတာတောင်
ကြိုးစားသော်မှ ဖော်ထုတ်လို့မရတဲ့ သူပါ……..
Comment #2
myit tar so tar yaung pyan hat par de.
a chit sit ko be thu tar tar ya bu lay.
a chit sit so tar lwe lwe ne ya naing tar hote bu,
i agree with u.
Comment #3
🙂
i m always satisfied
Comment #4
😉
🙂
Comment #1
အားပေးးသွားပါတယ်။..ကြိုးစားဖော်ထုတ်မနေပါနဲ့တော့ဗျာ..
အမျက်မ၇ှိတာပဲကောင်းပါတယ်။