အမျှင်မရှိသော အတွေးတစ်စ
ရေကန်ထဲကို ငါငုပ်လျိုးသွားတယ်….
ကြောက်လန့်တကြား ရေပြင်ပေါ်ကို ပြန်တက်လာတယ်
ငါတွေ့လိုက်တဲ့အရိပ်တစ်ခု မင်းဖြစ်မလား အတွေးနဲ့….
လမ်းမပေါ်မှာ ငါခေါင်းငိုက်စိုက်နဲ့ လျှောက်လှမ်းနေတယ်
အလောတကြီး ငါနောက်ပြန်လှည့်မိတယ်
ငါကြားလိုက်တဲ့အသံ မင်းခေါ်သံများ ဖြစ်နိုင်နှိုးနဲ့…
အိပ်ယာထက်မှာ ငါလဲလျောင်းနေတယ်
ညည့်နက်သန်းခေါင် စိုးရိမ်တကြီး ငါ့ကွန်ပျူတာလေးကို ဖွင့်မိတယ်
မင်းNick လေးများ အွန်လိုင်းဖြစ်နေမလား မျှော်လင့်ချက်နဲ့…
ကျောက်ရုပ်တစ်ကောင် ငါ အတွေးမဲ့နေတယ်
ဖုန်းသံ တစ်ညံညံငါကြားလိုက်တယ်
ဖုန်း Screen ကို ငါ ကြည့်လိုက်မိတယ်
ငါမသိတဲ့ နံပါတ်တစ်ခု Unknown တဲ့
မျှော်လင့်ချက်အပြည့်နဲ့ မင်းများဖြစ်မလား ငါထူးလိုက်မိတယ်….
ရုတ်တရက် ငါ့နားအစုံကန်းသွားတယ်
Sorry , Wrong Number တဲ့…
း)
Comment #2
hote par bu,,,
ei lay ne tu tu be,,
he,,he,,
thu kyaunt ne ne gout twar tar par,

Comment #3
change name?

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
း)
ဖတ်တဲ့သူတွေတော့ မသိဘူး
ကိုယ့်ကဗျာကိုယ်ကြည့်ပြီး ရူးကြောင်ကြောင်နဲ့လို့တော့ တွေးမိပါရဲ့ ..ပြုံးစိစိပေါ့.. 😛