ကဗျာသီးသန့်ဖြင့် ရူးသွပ်ခွင့်ပြုပါ…..။ ။
မောင်
ဂုဏ်ဒြပ်တွေ မရှိလို့ အချစ်တို့ ရပ်တန့်ပစ်ရမယ်ဆိုရင်
ကျွန်မဖြစ်လာနိုင်တာက…..အသက်မဲ့မှုပါ….။
မောင်
မောင့်အပါးမှာ နားလည်မှုတွေနဲ့တောင် ခစားခွင့်မရရင်
ကျွန်မ အမြဲနေထိုင်သွားမှာက ရင်တွေတဖြည်းဖြည်းကွဲ…..ဒီလို အစဉ်အမြဲဖြစ်ရုံလေးပါ….။
မောင်
အနေဝေးတာဖြစ်လို့ လက်တွဲခွင့်ကို ပယ်ဖျက်မယ်ဆိုရင်
ကျွန်မဆုံးဖြတ်မိမှာက မောင့်အနီးအခုရောက်နိုင်ဖို့…….ဘ၀ကို ပြောင်းလဲပစ်ရုံပါ….။
မောင်
ကျွန်မကိုမချစ်နှိုင်တော့လို့ ရက်စက်မှုတွေစတင်တော့မယ်ဆိုရင်
ကျွန်မ ထင်ရာစိုင်းမိမှာက….ကျွန်မတို့အတူတူ သေပွဲဝင်ရုံလေးပါ…..။
အလွမ်း(ကေသရီ)
Comment #2
မောင်
ကျွန်မကိုမချစ်နှိုင်တော့လို့ ရက်စက်မှုတွေစတင်တော့မယ်ဆိုရင်
ကျွန်မ ထင်ရာစိုင်းမိမှာက….ကျွန်မတို့အတူတူ သေပွဲဝင်ရုံလေးပါ…..။
Comment #3
ei lay ka dot ka byar hte ka a tine phyit dot me.
gout nay p..
gout nay p..
Comment #4
မောင်
အနေဝေးတာဖြစ်လို့ လက်တွဲခွင့်ကို ပယ်ဖျက်မယ်ဆိုရင်
ကျွန်မဆုံးဖြတ်မိမှာက မောင့်အနီးအခုရောက်နိုင်ဖို့…….ဘ၀ကို ပြောင်းလဲပစ်ရုံပါ….။
..
နှစ်သက် အားပေးသွားပါတယ်…ဗျို့
Comment #5
အလွမ်း…ခံစားအားပေးသွားပါတယ်။…..
Comment #6
အားပေးသွားတယ်နော် ..အလွမ်း
Comment #8
read again par
Comment #1