ကျွန်မနှင့် မဆီလျှော်သောကဗျာချို
ခံစားချက်အပြင်းစားတွေကို
မပြည့်စုံတဲ့ဘ၀မှာ၊ မီးလောင်တိုက်သွင်းလိုက်ရတယ်။
အလွမ်းတွေပြင်းထန်တဲ့အချိန်မှာ
မြိုသိပ်ကြိတ်မှိတ်နေလိုက်ရဘူးတယ်။
မျှော်မှန်းရာပန်းတိုင်ကို ချို့တဲ့စွာ ရိုင်နဲ့နဲ့
တက်နေရတဲ့ချိန်မှာ ၊
ငါ့ခြေထောက်တွေကို၊ ရက်စက်စွာမွှန်းခံခဲ့ရဘူးတယ်။
ပြောချင်ပါတယ်..
တစ်ကိုယ်လုံးမှာ ကြွယ်ဝဆုံးဖြစ်တဲ့ စိတ်ဓါတ်တစ်ခုကြောင့်သာ
ငါ….မာန်တင်းအံ့ကြိတ်လို့၊ ရတဲ့တက်နဲ့လှော်တတ်လို့သာပေါ့။
နေမင်း ၀င့်ချိန်မှာ ၊ လမင်းကိုမျှော်မှန်းမိတာလဲအကြိမ်ကြိမ်
နွေခေါင်ခေါင်မှာ ကြယ်ပွင့်လေးများကြွေလိမ့်နိုးနဲ့ပါ…
ချစ်သူနဲ့ငါ့ကို နေနဲ့လ လို့တင်စားတဲ့သူတွေကိုလဲမုန်းတယ်.
ထိုသို့သောသူများကြောင့်နေနဲ့လ လိုပဲ မဆုံနိုင်တဲံ
စကြာဝဌာထဲမှာလည်ပတ်နေရတယ်၊
ခန္ဒာထဲကအဆိတ်သွေးတွေကိုဖောက်ထုတ်သုံးဆောင်မဲ့
နဂါးမင်းကိုစောင့်ရင်း……. နဂါးလှည့်ချိန်ဆိုတာကိုနားလည်ခဲ့ရတယ်။
ဆိုနေကြ သီချင်းဟောင်းထဲတွေရယ်၊ ရေးနေကြ ပစ်စလက်ခက်ကဗျာအို
တွေကြောင့်၊ မင်းငါ့အနားပြန်မရောက်တာလားလို့သံသယ၀င်မိချိန်မှာပဲ
နတ်ဆိုးတစ်ပါးရဲ့ခက်အက်အက်ရီသံကိုတိုးတိုးလေးကြားမိတယ်၊
မိုးနတ်မင်းရဲ့အပြုံးတစ်ခုကိုလက်ကနဲမြင်လိုက်ရပြန်တယ်။
နင်ကတော့ရက်စက်ခြင်းဆိုတဲ့ ၀တ်လုံကိုဝတ်ပီး၊ ငါ့အနားကထွက်ခွာပြေးနေလိုက်တာများ။
Comment #3
မမေခ…ကောင်းလှချည်းလားဗျာ..။ပြေးနိုင်တုန်းမို့လို့ပြေးနေတာပါ.အချိန်တန်းရင် မောပြီးရပ်ရင်ရပ်သွားမှာပေါ့
မဟုတ်ဘူလား…မမေခ ရ
ခံစားချက်တွေထပ်တူခံစားအားပေးသွားပါတယ်။
Comment #6
အားပေးတဲံ့ညီအစ်ကိုမောင်နှမတွေကိုကျေးဇူးတင်ပါတယ်.. ( poem poemလေးရယ်. ကတုံးလေးရယ်. ridd , ကိုသျှားရယ် )
ကိုသျှားရေ………အထိမိဆုံးချပြချင်ပေမဲ့ ကိုသျှားလိုမတော်ဘူးလေ…..
လိုတာရှိရင်သင်ပေးပါနော်…..
Ridd ကဘယ်ကပေါ်တော်မူလာပါသလဲ……..:P
Comment #7
ကိုဇော်သက်ဦးကဗျာတွေကိုပြန်ဖတ်ချင်ပါတယ်………
Comment #9
မမေခရေ ဖက်နေရင်း ကြောက်စရာကြီးပါလားလို့ တွေးမိသွားတယ်
း
ချစ်သူနဲ့ငါ့ကို နေနဲ့လ လို့တင်စားတဲ့သူတွေကိုလဲမုန်းတယ်.
ထိုသို့သောသူများကြောင့်နေနဲ့လ လိုပဲ မဆုံနိုင်တဲံ
စကြာဝဌာထဲမှာလည်ပတ်နေရတယ်၊
။
တစ်ကယ်လို့သာ နေနဲ့လ ဆုံတွေ့ တိုက်မိခဲ့ရင်လို့ တွေးမိရင်း
ဘုရား ဘုရား မမေခ ရေ ….အနော်တော့ ဘယ်လိုဆုတောင်းပေးရမှန်းတောင် မသိတော့ဘူး
မမေခတို့ ချစ်သူနှစ်ဦး ဆက်ပီး မဆုံနိုင်ပါစေနဲ့ ပဲ ဆုတောင်းရမလား
ဒါမှမဟုတ် နေနဲ့လကိုပဲ……….
Comment #10
မမေခရေ . . .
ကျွန်တော် ဆရာကြီးလုပ်မိသွားတယ်ဗျာ
တောင်းပန်ပါတယ်
တကယ်က
မမေခသုံးတဲ့စကားလုံးတွေကို
ကျွန်တော် သဘောကျပါတယ်
တစ်ပုဒ်လုံးရဲ့ဟန်ချက်မမိဘူးလို့
ခံစားရတာပါ
အဲဒါကို ကျွန်တော်က စိတ်လောပြီး
ပြောမိသွားတာပါ
နားလည်ပေးနော် . . .
ခင်မင်စွာဖြင့် . . .
ကိုသျှား
Comment #11
အယ်………….ဘာကိုတောင်းပန်စရာလို လို့လဲ….
ဝါသနာရှင်မောင်နှမတွေပဲ……..အစ်မကတကယ်မတတ်တာပါ….
ရင်ထဲ ရျှိ တာကိုချတဲ့အဆင့်ပါ………ဝေ ဖန်ပေးပါကိုသျှား ရေ……
ကျေးဇူး တင်နေ ပါတယ်…….
Comment #13
လမင်းရေ……ဘယ်တွေပျောက်နေသလဲ…
ကဗျာတွေမတင်တော့ဘူးလား။ လိုအပ်တာကိုထောက်ပြပေးတာကျေးဇူးတင်ပါတယ်နော်…
Comment #1
ပြင်းထန်လွန်းတဲ့ခံစားချက်တွေ၊
စိတ်ပျက်နာကျင်ခြင်းတွေနဲ့
ကိုယ့်ကိုယ်ကို ပြန်လည်အားပေးခြင်းတွေ
တွေ့လိုက်ရတယ်မမေခ
ဒါပေမယ့်….
မမေခရဲ့ခံစားချက်တွေကို
စကားလုံးတွေက အထိမိဆုံး မသယ်ခဲ့ဘူးပြောချင်ပါတယ်
ခင်မင်စွာအားပေးလျှက် . . .
ကိုသျှား