Professional Authors

ငါရှိရင် သမိုင်းရှိတယ်

လူ့ဘဝအစ သမိုင်းခြေရာတွေထဲမှာ
လူရယ်လို့ဖြစ်တဲ့ ငါ့ဘဝကို
ထူထောင်ဖို့ အခြေခံသင်တန်းတွေ
လက်ဦးဆရာဖြစ်တဲ့ အမေ့အိမ်မှာ
သင်တန်းတက်ရင်း ဘာသာဗေဒ အတက်ဆိုင်ရာ
အမိမြေ မိခင်ဘာသာကို စတင်သင်ကြားခဲ့တယ်
စကားပြောတက်စ အရွယ်မှာ ငါဟာ ထမင်းကို မန်မန်
အမေ အဖေတို့ရဲ့ အမည်တွေကို မပီကလာ စကားတွေနဲ့
စတင်ပြောခဲ့လို့ မိခင်ဘာသာစကားတွေလည်း ပြောတက်ခဲ့ပြီ
ငါ့တို့အသက် ငါးနှစ်အရွယ်ရောက်တော့
ကစားမက် အစားမက်နဲ့ ပြေးလွှားနေတဲ့ အချိန်အခါမှာ
လက်ဦးဆရာ အမေက ဒုတ်တစ်ချောင်းနဲ့
မုန့်တစ်ထုတ်ကို ဟန်ပါပါ ပြသရင်း ချောမော့ကာ ကျောင်းပို့ခဲ့
နောက်တော့ အတန်းတွေ အောင်လို့ တက္ကသိုလ်ကြီးကို ရောက်ခဲ့တယ်
ငါ မကျွမ်းကျင်သေးတဲ့ တက္ကသိုလ်ထဲမှာ ဘာသာရပ်တွေနဲ့
လည်ပတ်ရင်း ရည်းစားရခဲ့တယ်……….။

နောက်ဆုံးနှစ် တက္ကသိုလ်တက်ရတဲ့ ငါ့အတွက်
မနက်ဖြန် လက်တွေ့ကို ဖြတ်သန်းရတော့မယ်ဆိုတော့
လယ်တောလေးကို သတိရမိတယ်
မိဘတွေ အမွေဖြစ်တဲ့ လယ်တောလေးထဲ
အမေက ငါတို့ကို ပြောခဲ့ဖူးတယ်
ငါ့သားတို့ ပညာတက်ကြီးတွေ ဖြစ်ရင်
ထမင်းကျွေးတဲ့ တို့လယ်လေးကို မမေ့နဲ့တဲ့
တို့လယ်လေးက ငါတို့ရဲ့ ထမင်းကျွေးတဲ့ လက်တဲ့
အမေတို့ကတော့ ငါ့သားတို့ကို ပေးနိုင်တာ
အားလုံးကတော့ မေတ္တာ ကရုဏာ မုဒိတာ
ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးတွေရယ်
ပညာရေး အားပေးမှုနဲ့ ပညာတက်ကြီးဖြစ်စေချင်တာတွေပါ
ဒါတွေဟာ မိဘတိုင်းရဲ့ ဆန္ဒတွေပါ
ဒါပေမဲ့ ကာလတွေ အတိတ်ဟောင်းတွေ
ကျန်ရစ်နေလို့ ပုံပျက်နေတဲ့ ခေတ်ကြီးထဲ
မတူတာကို ဖယ်ရှား တူတာတွေပေါင်းစပ်
ညွန်းမောင်းဖွဲ့လို့ တိုးတက်ရေးကို ရှာဖွေ
လယ်ထဲက အမေတို့ ဆင်းရဲဒုက္ခာတွေကို
ယာယီမေ့ပျောက်ထားပြီ ပညာတက်တို့
လုပ်ငန်းစဉ်တွေကို လုပ်ကိုင်ကြိုးစားစမ်းပါလို့
အမေ မှာတမ်းတင်ကာ ဆုံးမစကားလေး
သားတို့ရင်ထဲ ပို့ပေးလိုက်ချင်တယ်….

အမေ့မှာတမ်းတွေ ရင်ထဲမှာခိုအောင်းလို့
နေ့စဉ်အောင့်မေ့မိခဲ့ တက္ကသိုလ်က
နေ့ရက်တွေလည်း ကုန်ဆုံးလို့
ဘွဲ့တစ်ခုနဲ့ ပတ်ချာလည်ရင်း
အသိမှတ်မပြုသေးတဲ့ အလုပ်တစ်ခုအတွက်
သင်တန်းတက်ခဲ့ လတွေလည်း ကြာညောင်း
နှစ်တွေလည်း ပြောင်းလာတဲ့
ခုနှစ်သက္ကရာဇ်တွေထဲ အလုပ်ကိုင်မဲ့
ရပ်တည်ခြင်းတွေက ထင်ရာစိုင်းသလိုဖြစ်ခဲ့
ဘွဲ့ရခြင်းက ငါ့အတွက်တော့
၁၀၉ ၁၁၀ ပုဒ်မကြီးဖြစ်
သဘာဝ တရားသူကြီးက ငါ့ကို အပြစ်ပေးလို့
လယ်တောထဲ ပြန်ရောက်ခဲ့တာ
ငါတို့ဘွဲ့တွေက လယ်ယာပြန်စားရေး ဖြစ်လို့လေ….။

ဘာကြောင့်လည်း ငါဘဝကို
ငါကိုယ်တိုင် ပြန်စဉ်းစားကြည့်တော့
ငါ့ ပတ်ဝန်းကျင်ကြောင့်လား
ငါ့ အသိုင်းဝိုင်းကြောင့်လား
ငါ့ ဘွဲ့တွေက ဘာကြောင့် ဘာကြောင့်
ငါကိုယ်တိုင် မသုံးမဝင် အလုပ်မရ
ဖြစ်ခဲ့တာလဲ ငါနဲ့ တန်းတူလူတွေ
ငါ့လို သူတို့ ဖြစ်နေတာတွေ ရှိသေးလား
ငါ စဉ်းစားကြည့်တော့ စဉ်းစားမိတဲ့
ငါ့အတွက်တော့ အကုန်လုံးက
ငါ့အမှားတွေပေါ့ ငါ့အတ္တတွေ
ငါ့မာနတွေ ငါ့ဒေါသတွေကို
ဖိတ်စာအိတ်ထဲ ခေါက်သိမ်းရင်းနဲ့
ငါရှိရင် ငါ့သမိုင်းရှိတယ်လေ…..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 17, 2011
Comment #1

ဘွဲ့ရခြင်းက ငါ့အတွက်တော့
၁၀၉ ၁၁၀ ပုဒ်မကြီးဖြစ်
သဘာဝ တရားသူကြီးက ငါ့ကို အပြစ်ပေးလို့
လယ်တောထဲ ပြန်ရောက်ခဲ့တာ
ငါတို့ဘွဲ့တွေက လယ်ယာပြန်စားရေး ဖြစ်လို့လေ….။

commentinfo By: May K ha at Dec 17, 2011
Comment #2

အခုလို အားပေးတာကို လွန်စွာ ကြည်နူးဝမ်းသာ ကျေးဇူးတင်မိပါတယ် ခင်ဗျာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment