သံစဉ်မဲ့ လျိုဝှက်ကောက်ကြောင်း
ရှက်မိပါရဲ့ သက်ရက်စေ့
အပေါ်ယံမှာ
သကာရည် လွှမ်းပါလို့
ပြည် လမ်းမှာ
တာယာကွဲရတယ်
မဟန်နိုင်ဘူးကွဲ့
နောက်ဆုတ်ခဲ့လေ…။
တွက်မိပါရဲ့ သက်မဲ့သင်္ချာတောင်
ပေါင်း နုတ် မြှောက် စား
ကြွင်းသမျှ စားရတယ်
မဟန်နိုင်ဘူးကွဲ့
နောက်ဆုတ်ခဲ့လေ…..။
ကြည့်မိပါရဲ့ ဓာတ်ရှင်တွေ
အပေါ်ယံမှာ
စိတ်ကြွဆေးတွေ လွှမ်းပါလို့
ပြည် လမ်းမှာ
ဘရိတ်ပေါက်ရတယ်
မဟန်နိုင်ဘူးကွဲ့
နောက်ဆုတ်ခဲ့လေ…။
မမြင်မိပါရဲ့ တံတိုင်းတွေ
ဟန်ချက်ညီ ကာရံပါလို့
နဝင်းကိုးပင် ခင်းထားလေသလား
ကိုတို့မောင် အောင်ဗလက
ငွေပဒေသာပင် လမ်းခင်းလေလားလို့
ထိုးကွင်းကို ကြည့်မိပါရဲ့
ရင်ဘတ်တွင် အထင်ကရပေမို့
ရနိုင်ဖွယ် အလှပန်းကနုတ်တွေက
မယ်ကညာကို စွဲဆောင်လှလေ…။
တက္ကသိုလ်မြတ်မင်း
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service