အသည်းကွဲ ကဗျာဆရာ
မပြိုတဲ့မိုး
ကြိုပြီးတော့ကာ
အလွမ်းနဲ့ဆို
လုံပြီတဲ့လား
ပေါက်နေတဲ့ ဒီအသည်း
တဖက်ကပက်တဲ့
ဒဏ်ချက်တချို့နဲ့ပြည့်……..။
မျက်မမြင်ရဲ့အချစ်
တုတ်ကောက်တချို့က
မကူညီနိုင်
ကွဲနေတဲ့ အသည်း
ဘယ်လိုဆက်ဆက်
အကောင်းအတိုင်းမဖြစ်နိုင်
လက်တွေ့နဲ့ သရုပ်
သပ်သပ်စီ က ကြပြီ
ခေါင်းဆောင်မင်းသား ရွေးကြတော့
အမုန်းက ဦးဆုံးထွက်လာတယ်
သူသာလျှင်အသင့်တော်ဆုံးတဲ့
Typing ကို ရပ်
ကျွန်တော် အတွေးတွေ အဆုံးသတ်လိုက်ပြီ
ခင်ဗျားတို့သိတဲ့အတိုင်း
ကဗျာအဆုံး အမုန်းက အနိုင်ယူ
အလံလွှင့်ထူပြီ…………………။
Comment #3
he,,he,,
By: ei lay at Dec 18, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လွှင့်တဲ့အလံ..ခြိမ့်ခြိမ့်ညံ
သံပြိုင်ဟစ်ကြွေး…မိုးလုံးဟိန်း စေသတည်း
(ရွှေကြယ်မိုး)