~~ သိပ်နာတယ် အမေ ~~
ပန်းတိုင်ရောက်ချင်ဇောနဲ့
အမြန်မပြေးခဲ့ဘူး
မှန်မှန်လေးဘဲ
လျှောက်ခဲ့တာပါ
ဒါတောင် .. …
လဲကျခဲ့တော့
သိပ်နာတယ် အမေ
~~~
သူများတွေ
လက်ခုပ်သံတွေနမ်းရှိုက်ရင်း
ရယ်မောနေချိန်
ကျွန်တော့မှာတော့
သေချင်စိတ်ကို
မျက်ရည်တွေနဲ့
ကြိုနေရတာ
သိပ်နာတယ် အမေ
~~~
စိတ်ထိခိုက်စရာတွေ
မှန်မှန်လည်ပတ်နေတဲ့
ဒီအသိုင်းအဝိုင်းကြားမှာ
ဟန်ဆောင်အပြုံးတွေနဲ့
သေအောင်ရုန်းခဲ့ပါတယ်
ဒါတောင် .. …
ကံတရားက
လက်ခါချခဲ့တော့
သိပ်နာတယ် အမေ
~~~
စုတ်ပြတ်သတ်နေတဲ့
ရင်ဘတ်ကဒဏ်ရာတစ်ခုနဲ့
မျက်လုံးပေါက်မတတ်
ငိုကြွေးခဲ့တယ်
ဒါတောင် .. …
နံရံကနားတွေ ပင်းနေတာ
ကောင်းကင်ကမျက်လုံးတွေ ကန်းနေတာ
သိပ်နာတယ် အမေ ။
Ray
21st December, 2011
20:20
Comment #2
ကဗျာကိုအားပေးတဲ့ ကောင်လေး ကျေးဇူးပါဗျာ ။
ဒဏ်ရာတွေတော့ ကောင်းကောင်းမကျက်သေးဘူးဗျ ရင်ထဲမှာ တနုံ့နုံ့နာကျင်နေတုန်းဘဲ ဒါပေမယ့် ကဗျာရေးလိုက်ရင် ခံစားရတာတွေ နည်းနည်းသက်သာသွားမယ်ထင်လို့ နာကျည်းနေတာတွေကို စာရွက်ပေါ်အန်ချလိုက်ရုံသက်သက်ပါ ကဗျာလို့တော့မဆိုနိုင်ပါဘူး ။
Comment #4
ဒါပေါ့ဗျာ တစ်ခါတစ်လေတော့လည်း ကျွန်တော်တို့သူငယ်ချင်းတွေ ရင်ဘတ်အချင်းချင်းတိုက်မိတတ်ပါတယ် အားပေးတဲ့အတွက် ကျေးဇူးပါ sharon myorr myor ။
With respect,
RAY
Comment #6
ကြိုက်ပါဗျာ ကြိုက်ပါ စိတ်ရှိလက်ရှိကြိုက်နိုင်ပါတယ် ကဗျာကိုပြောတာနော်
ကဗျာလေး အားပေးသွားတဲ့ အစ်မတော် ကျေးဇူးကမ္ဘာပါဗျာ
နောင်လည်း ကျွန်တော့ကဗျာတွေ လိုတာရှိရင် စိတ်ထဲရှိတဲ့အတိုင်းဝေဖန်လို့ရပါတယ် ။
With respect,
RAY
Comment #7
စိတ်ထိခိုက်စရာတွေ
မှန်မှန်လည်ပတ်နေတဲ့
ဒီအသိုင်းအဝိုင်းကြားမှာ
ဟန်ဆောင်အပြုံးတွေနဲ့
သေအောင်ရုန်းခဲ့ပါတယ်
ဒါတောင် .. …
ကံတရားက
လက်ခါချခဲ့တော့
သိပ်နာတယ် အမေ
Comment #8
ကဗျာကိုအားပေးသွားတဲ့အတွက် ကျေးဇူးပါ မမေခရေ ~
With respect,
RAY
Comment #9
Ray
အ၇မ်းကြိုကတယ် ဒီကဗျာကို
အားပေးနေတယ်ဟာ။
Comment #10
ကျေးဇူးပါ မကေသရီ ~
အစ်မနေကောင်းရဲ့လားဗျ မတွေ့တာကြာပေါ့ ~~
With respect,
RAY
Comment #11
very nice this poem
Comment #12
ကျေးဇူးပါဗျာ မနီလာသန်း ~
With respect,
RAY
Comment #1
ကောင်းတယ်ဗျာ….