ရင်ခတ်သံ
ကြာတော့ ဒီမျက်လုံးနဲ့ဒီရှုခင်းဟာ အသားကျလာတယ်
ကြာတော့ ဒီနားနဲ့ဒီစကားဟာ သံခင်းတမန်ခင်းဆန်လာတယ်
ဆိုနေကျသီချင်းကို ထပ်တလဲလဲပြန်ဆိုနေရသလို
နိစ္စဓူဝတွေဟာ ခေါက်ရိုးကျိုးလာတယ်
မနက်လင်းပြီဆိုတာနဲ့ မျက်နှာသစ်မယ့်ရေခွက်ထဲ
ဒုက္ခကို မှန်ထောင်ကြည့်ရတယ်
တောထနေတဲ့အဆင်မပြေမှုတွေထဲ
သွေးသံရဲရဲတက်ခေါက်သံတွေ ဗွက်ပေါက်လို့
စိတ်ကူးတွေ အကြိမ်ကြိမ် ယဉ်မိသမျှ
အဆုံးစွန်နစ်နစ်ရိုင်းတဲ့တကယ့်ဘဝ
ရောက်လာမယ်ပြောတဲ့မျှော်လင့်ခြင်းတွေ
ရင်နဲ့မဆန့်အောင် မှောင်ခဲ့
အဲဒီလိုနဲ့
လက်ချည်းဗလာ အိမ်ပြန်ခဲ့ရတဲ့ညတွေ
စိတ်နှစ်ချို့အောင် ထွန်ကြောင်းထပ်ခဲ့ပြီ
ငါးတစ်ကောင်လို ဟပ်မိဟပ်ရာအစွဲအလန်းတွေနဲ့
ရှင်သန်မှုဟာ သံသရာချိတ်မှာ ဖျပ်ဖျပ်လူး ငင်နေတယ်
သေချာပါတယ် . . .
ဒီလူတစ်ယောက်ရဲ့ရာဇ၀င်မှာ
ကိုယ့်ဒဏ်ရာကိုယ် လျှာနဲ့ပြန်လျက်နေရတာဟာ
မဆန်းတော့ဘူး
ကိုသျှား
Comment #3
ဒီလူတစ်ယောက်ရဲ့ရာဇ၀င်မှာ
ကိုယ့်ဒဏ်ရာကိုယ် လျှာနဲ့ပြန်လျက်နေရတာဟာ
မဆန်းတော့ဘူး …. (Pro အဖြစ်လျှောက်လှမ်းနိုင်ပ့ါစေ)
Comment #4
ဒီဆိုဒ်က သူငယ်ချင်းအားလုံးနဲ့အတူ လျှောက်လှမ်းနိုင်ဖို့ရော
ဆုတောင်းပေးပါလားမမေခရယ်
မမေခရယ် . . .
မနတ်သမီးရယ် . . .
တယ်ရီရယ် . . .
ရွှေကြယ်မိုးရယ် . . .
ချီရွန်ရယ်လေ . . .
ကျွန်တော်တို့အားလုံး အတူတူပေါ့
ယုံကြည်စွာဖြင့် . . .
ကိုသျှား
Comment #1
သေချာပါတယ် . . .
ဒီလူတစ်ယောက်ရဲ့ရာဇ၀င်မှာ
ကိုယ့်ဒဏ်ရာကိုယ် လျှာနဲ့ပြန်လျက်နေရတာဟာ
မဆန်းတော့ဘူး .. like tal .. thank