ယိမ်းလှချေ့ မြခွာညို (မင်းသုဝဏ်)
ပြာသိုအဝင် ဝေမျှချင်တာကတော့ ကျွန်တော်ငယ်ငယ်က သိခဲ့ဖူးတဲ့ မင်းသုဝဏ်ရဲ့ ကဗျာပါ။
နှင်းအတွဲ့ ဆီက၊
သင်းနွဲ့နွဲ့ မြခွာညို
လင့်စားသူ နေမဖြောင့်တယ်၊
စိုး ကြောင့်ကြပို။ ။
ပြေအချပ်တွေနဲ့၊
ရွှေဝတ်ကယ်က နှင်းမစို၊
တင်းမိုတဲ့ ပျို့သဲ။ ။
ချမ်းရိပ်သာ၊
ပန်းလိပ်ပြာ အလာ ကျူးရော့ထင့်။
ပြာသို ခွာညိုဦးရယ်၊
မြူးကြိုင်နံ့ နဲ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခွါညိုပန်းပုံလေး မြင်ချင်တယ်…
လိပ်ပြာ အလာ များလို့  ခွါညိုအနံ့ နဲ တယ်ဆိုတော့ 
လိပ်ပြာတွေနားတာတွေ့ ရင် မောင်းပစ်မယ်
ပန်းရနံ့ တွေ သင်းပျံ့ စေချင်