“၀တ်ကျေတန်းကျေ မီးပူထိုးထားတဲ့ရန်ကုန်”
မနက်ခင်းတွေမှာငါတို့တွေဟာ
ကိုယ့်ကိုယ်ကိုကြည့်ကောင်းသထက်ကောင်းအောင်
အတတ်နိုင်ဆုံးပြင်ဆင်ခဲ့ကြ..
ပီးတော့မှ…….
ကားမျိုခံကြ စပါယ်ယာအငေါက်ခံကြ
အလုပ်ရိုက်တာခံကြ ကိုယ့်ကိုယ်ကိုရိုက်ကြ
လောဘနဲ့ဒေါသကို မူပိုင်ယူပီး သုံးခဲ့ကြ
ငါသာသိခဲ့ကြ ငါသာတတ်ခဲ့ကြ
မနက်ကစတဲ့နှိုးစက်နဲ့ ညနေစောင်းပြန်တော့
အ၀တ်နဲ့အတူကျေနေတဲ့ စိတ်ဓါတ်နဲ့
ဝတ်ကျေတန်းကျေ အိမ်ပြန်ခဲ့ကြ
အားပြည့်သယောင်ထမင်းတစ်နပ်နဲ့
အပေါ်ယံရေချိုးပီးရင်တော့
မနက်ဖြန်ကိုအရောင်တင်ဖို့
စိတ်ဓါတ်တွေမီးပူထိုးရအုန်းမပေါ့..။
မောင်မြတ်သူ(ခေတ္တ-လှည်းတန်း)
Comment #2
မိုက်တဲ ~~
တိုတိုဘဲပြောသွားတယ်ဗျာ ။
By: X - ray at Dec 30, 2011
Comment #4
ကျေးဇူးဗျ ရန်ကုန်ရဲ့ လူနေမှုဘ၀လေး မြင်သလောက်ရေးတာလေးကို သည်းညဉ်းခံဖတ်ပေးလို့ 🙂
By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Dec 30, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
righttttttttttttttttttttttttttttt
sometimes really boring.