ရင်နာနေတာ သေချာတယ်
အိပ်မက်တွေဆိုတာ မရေရာပါဘူး….
ဒါပေမယ့် ငါမက်ခဲ့မိတယ်…….
အနာဂတ်တွေဆိုတာ မသေချာဘူး….
ဒါပေမယ့် ငါမျှော်လင့်ခဲ့မိတယ်……
နှလုံးသားရဲ့ စကားသံတွေ
ဆွံ့အခဲ့ရချိန်မှာ…..
ချစ်ခဲ့ဖူးတဲ့ စာမျက်နှာဟောင်းတွေကို
ငါ…ရင်နာနာနဲ့
ပြန်ဖတ်ကြည့်နေမိတယ်…
တကယ်တော့….
ငါဟာ..
မင်းအချစ်ကိုပိုင်ဆိုင်နိုင်ခဲ့ပြီလို့
ထင်ခဲ့မိတဲ့….
ခပ် တုံးတုံး လူတစ်ယောက်ပါ…
သေချာတာကတော့
ငါ…ရင်နာနေရပြီလေ……..။ ။
Comment #4
hote de,,,
hote de,,,
tu tu be,,,,tu tu be,,,
By: ei lay at Dec 30, 2011
Comment #6
အိပ်မက်တွေဆိုတာ မရေရာပါဘူး….
ဒါပေမယ့် ငါမက်ခဲ့မိတယ်…….
အနာဂတ်တွေဆိုတာ မသေချာဘူး….
ဒါပေမယ့် ငါမျှော်လင့်ခဲ့မိတယ်……
ထပ်တူခံစားအားပေးသွားပါတယ်။
By: poem.poem28 at Dec 31, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ရင်နာနေရပြီတဲ့လားဗျာ
ကဗျာလေး ကောင်းသဗျ ရင်နာနာနဲ့ရေးထားလို့ထင်တယ်။