တားပါရစေ
သူငယ်ချင်းရေ
ဒီနေ့ 
ငါ အလုပ်လုပ်လို့ မရလောက်အောင်
မင်းအတွက် စိတ်ပူနေတယ်
စိတ်လိုက်မာန်ပါလုပ်ပါနဲ့ နော်
အလုပ်တခု အထွက်လွယ်ပေမယ့် 
ပြန်ရှာတော့ခက်တတ်တယ်
သည်းခံ…သည်းခံ
ဒို့ လည်း ဒီလိုပါပဲ အဆင်ပြေလှတယ်မဟုတ်
သစ်ပင်ကြီးလို့ မတ်မတ်မားမား ရပ်ထားတဲ့ အခါလည်းရှိ
ငုံ့ ရှိုးလို့ ၇ှိုက်ငို…ဒေါမာန်တွေပိုခါပို
မာနဆိုတာကို ခ၀ါချလို့ …သည်းခံရတာလည်းရှိ
အခွင့်အခါမသင့်သေးခင် ခဏမှေးလို့ ဆက်နေပါနော်
ဖုန်းဆက်ကာ ခါခါပြောနေမိတာ ပိုတာလို့ မထင်နဲ့ 
အလုပ်ရှာလွန်စွာ ခက်တာကို ကြုံခဲ့ ကိုယ်တွေ့ 
Comment #2
ကဗျာဆရာရဲ့သူငယ်ချင်း စေတနာကိုနားလည်ပါစေဗျာ ~~
By: X - ray at Jan 1, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
hote de nawwwwwwwwwwwwwwww
lu tine hmar koh doke kha ne kou pe naw,,,,