ခဏခဏငိုကြွေးခဲ့ ရသောအခါ(မင်းလူန)
ဘယ်နှစ်ပုဒ်မှန်းမသိအောင်ဖတ်ဖူးတဲ့ 
အချစ်ကဗျာတွေ
နှလုံးသားထဲက
တွန့် ကြေကြွေကျ
နွေညတွေဖြစ်ခဲ့ ရပါတယ်မေ……….
ချစ်ခြင်းဟာဘယ်တုန်းကမှချိုမြိန်ခြင်းမရှိ
နမိတ်ပုံဆန်တဲ့ ရှေ့ ပြေးပြယုဂ်အဖြစ်
ဆယ်ကျော်သက်ဘ၀ကလဲ
ဘာမှန်းမသိပဲအသည်းကွဲခဲ့ ရဖူးတယ်
ဈေးကွက်မှာရှာလို့ မရဆုံးဟာ
အဲ့ ဒီရှားပါးပစ္စည်းပဲမဟုတ်လား
မင်းပါးစပ်ဖျားမှာတော့ 
ချစ်ခြင်းနဲ့ သီကျူးတဲ့ တေး
ဖါးထေးဖေါက်ချုပ်
ပုံစံစုံကိုလုပ်ထားလိုက်တာပဲနော်
××××××××××××
လူတို့ 
ချစ်ကြကုန်သောအခါ
ကန်းသွားတက်သောစကားပုံလို
ငါ့ မှာ
အယောင်ယောင်အမှားမှားနဲ့ ဖမ်းဆုပ်မိတဲ့ 
ဝေဒနာအစအနတွေ
ရင်ဘက်ထဲခုထိ
ပြန့် ကြဲ
…………………….မင်းလူန
Comment #2
အကို…ကောင်းတယ်
အားပေးသွားပါတယ်။
By: poem.poem28 at Jan 10, 2012
Comment #3
အကို … ကောင်းတယ်ဗျ
အားပေးသွားပါတယ်။
By: poem.poem28 at Jan 10, 2012
Comment #4
so nice
By: ei lay at Jan 10, 2012
Comment #6
ကဗျာက စကားလုံးအထက်တွေနဲ့ဘဲဗျ
ဖတ်ရတာ တကယ်အသက်ဝင်တယ်
အားပေးသွားကြောင်းပါ ~~~
By: X - ray at Jan 13, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
……………………..
…………………….
ရင်ကိုတဲ့တဲ့…ထိရှစေသော…………..