ကြော်ငြာ မဟုတ်ပါ . . . .
အမျိုးအစားက လူ
ကုန်ပစ္စည်း အမည်က ဘာညာသာရကာ
ဒီလိုနဲ့ တင်ပို့ခဲ့ပါသည် . . . . ။
ကြောင်ကလေးက ရေကြောက်တယ်
သူ့ခန္ဓာကိုယ်မှာ မီးဖိုချောင်က အနံ့တွေ နဲ့ မို့
ကမ်းစပ်က ပဲ ခွက်ကလေး နဲ့ရေချိုးခဲ့တယ် . . . . ။
ကမ်းရိုးတန်း ဒေသများတွင်
လူတစ်ယောက် အိပ်မက်တစ်ခုထက်ပို မက်ခွင့်မရှိ
ရေကြီးတတ်သည် . . . . ။
အလွန်မွှေးသော ရေမွေးတစ်ပုလင်းကို
နေ့စဉ် သုံးစွဲခွင့် မရှိ
ကိုယ်စောင့်နတ် အသက်ရှူကြပ်တတ်သည် . . . . ။
ညနေတိုင်း လေဆိပ်သို့ လမ်းလျှောက်ခြင်း မပြုရ
အသက်ကြီး အဘိုးအဘွားများမှ အပ
လေယာဉ် အကြပ်ရိုက်တတ်သည် . . . . ။
ဒွေးရိုက်ပြသော ပေါင်ဒါ ကို ၀ယ်မသုံးသင့်
အချိန်ကာလ အရ
ဓာတ်ပြယ်သွားတတ်သည် . . . . ။
မိုးကာ အကျီ င်္ မ၀တ်သင့်
ရောက်လာသော မိုးရာသီ အရ
Yamasu ကောင်းသောကြောင့် ဖြစ်သည် . . . . ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တစ်ကယ် မှတ်သားဖိုးကောင်းတယ်
နောက်ဆိုရင် ကိုစောင့်နတ် အသက်ရှူမကြပ်အောင် ရေမွေးမသုံးတော့ဘူးပျို့