လောကနှင့်ထပ်တူ-(နေသာ)
ပုလဲမဟုတ်ပေမယ့်စူးရှတယ်..
မတောင်ပြောင်ပေမယ့်လင်းလက်တယ်…
ကောင်မလေးရေ…အဲ့ဒီလိုပဲ ..
ဟိုး…ခပ်ဝေးဝေးမှာ.ရောင်နီဦးတွေ.
ငါတို့ကိုစောင့်ကြိုနေကြတယ်….ဒါပေမယ့်
ရောင်နီဦးရဲ့ငြိမ်းချမ်းခြင်းကိုပဲ..မင်း..ခံယူပါ..
ဖြူမစင်ပေမယ့် မညစ်ပတ်ဘူး.
သန့်ရှင်းတိုင်းလဲမဖြူစင်ဘူး…
ကောင်မလေးရေ..အဲ့ဒီလိုပဲ…
ဟိုး..ခပ်ဝေးဝေးမှာ.ဖျားယောင်းမှု့တွေ
လှည့်စားခြင်းအပြည့်နဲ့…ငါတို့ကိုလက်ယှက်ခေါ်နေတယ်..
မသွားလို့တော့မရဘူး..ဒါဟာလောကတိုက်ပွဲ.
အနိုင်ယူခြင်းကိုဦးစားမပေးနဲ့ 
ယှဉ်ပြိုင်ခြင်းကိုပဲဆုပ်ကိုင်ထားပါ…
နင့်နေအောင်သတိရလည်း
ခပ်ပါးပါးပဲ လွမ်းတယ်…
ကောင်မလေးရေ…အဲ့ဒီလိုပဲ..
ငါကတော့ချစ်ခြင်းရဲ့ဟန်ဆောင်ခြင်းအတတ်ကို
အမိအရ ဆုပ်ကိုင်ထားတယ်..
” ကို ” ဆိုတဲ့စာလုံး..တကယ်တမ်း..
” က ” ကြီးမပါရင်ဖြစ်လား…
ကောင်မလေးရေ…အဲ့ဒီလိုပဲ..
အစမရှိပဲအဆုံးသတ်ချင်တဲ့လူသားတွေ
ကြယ်ကြွေတယ်ဆိုတာ…
ကြွေချိန်ရောက်မှကြွေတာ….အခု..
ဒီလူသားတွေ ပုံဖော်နေကြတဲ့အချစ်…
ဘာကြောင့်ခဏခဏ ကြွေနေရတာလဲ..
ငါမြတ်နိုးတဲ့လောကမှာ….
ပကာသန မပါဘူး…လိမ်တာလှည့်တာမပါဘူး.
အချစ် အမုန်း မပါဘူး…
ပုံမှန်လေးပဲ ပါတယ်..
ပုံမှန်အနေအထားကို ငါပုံမှန်သွားတယ်..
ချစ်သူတွေကတော့ပြောတယ်..
တစ်ယောက်ကိုတစ်ယောက်..
နူးညံတဲ့စကားတွေ…တကယ်တမ်း…
တစ်ယောက်ကိုတစ်ယောက်လိမ်နေကြ..
တစ်ယောက်နားထဲတစ်ယောက်သံရည်ပူတွေလောင်းထည့်နေကြတယ်..။
တယ်ဆိုတဲ့စာတော့မဟုတ်ပါဘူး…
ပြတ်သားဖို့ဆိုတာ..
သေချာမှု့လိုတယ်…..
ယုံကြည်မှု့ကို အုတ်မြစ်ချမယ်ဆိုရင်..
ဒီသေချာမှု့အတွက်..မင်းဘ၀ဟာ
ငါရဲ့ ခပ်ညံညံ ကဗျာတစ်ပုဒ်နဲ့ 
ထပ်တူကျနေရဲ့လားဆိုတာ………
(နေသာ)
ကဗျာဝါတနာရှင်များကို www.naytar.blogspot.com မှ
ခင်မင်စွာ စောင့်ကြိုနေပါကြောင်း…….
နေသာ…။
Comment #2
ငါမြတ်နိုးတဲ့လောကမှာ….
ပကာသန မပါဘူး…လိမ်တာလှည့်တာမပါဘူး.
အချစ် အမုန်း မပါဘူး…
ပုံမှန်လေးပဲ ပါတယ်..
ပုံမှန်အနေအထားကို ငါပုံမှန်သွားတယ်..
Comment #1
ဖူမစင်ပေမယ့် မညစ်ပတ်ဘူး.
သန့်ရှင်းတိုင်းလဲမဖြူစင်ဘူး…
ကောင်မလေးရေ..အဲ့ဒီလိုပဲ…
ဟိုး..ခပ်ဝေးဝေးမှာ.ဖျားယောင်းမှု့တွေ
လှည့်စားခြင်းအပြည့်နဲ့…ငါတို့ကိုလက်ယှက်ခေါ်နေတယ်..
မသွားလို့တော့မရဘူး..ဒါဟာလောကတိုက်ပွဲ.
အနိုင်ယူခြင်းကိုဦးစားမပေးနဲ့ 
ယှဉ်ပြိုင်ခြင်းကိုပဲဆုပ်ကိုင်ထားပါ…
အားပေးသွားပါတယ် သူငယ်ချငိးနေသာရေ