စွန်
*အာကာယံထက်၊ သူပျော်မွေ့စေ
ရည်သန်အားထက်၊ ကြိုးမြင့်မြင့်တင်
လေယူရာယိမ်း၊ တိမ်းစေတော့ရန်
ရွက်ကုန်ဝင့်ကာ၊ အမြင့်တင်သည်
သည်းညှာပျော်စေ၊ ၀င့်ထည်စေ။
*မြင်သူအပေါင်း၊ မျှော်မှန်းကြည့်ကာ
အာကာယံထက်၊ သူမာန်ဝင့်ထည်
အကြည့်တချက်၊မရူနိုင်ပဲ
ဲမြင့်သထက်မြင့်၊ သူရည်သန်သည်။
*သူနှင့်မြေပြင်၊ ကြားခံပေးကာ
မျှင်မျှမျှသော၊ ကြိုးတစ်ချောင်းသာ
အားကန်ထောက်ပေး၊ အမြင့်တင်သည်
ထိုသောသူမ ၊ မေ့ပင်ပျိုးသည်။
* မှာလိုက်ချင်တယ်၊ သည်းမြညှာရယ်
လေပွေကြမ်းတမ်း၊ ကြိုးပျက်ချိန်ဝယ်၊
မျှော်တလင့်လင့်
နွမ်းမောတင်းကြပ်၊ကျန်ရစ်ခဲ့သော
သခင့်ရင်ဝယ်၊ နားပါစေချင်
အရာအားလုံး၊ မေ့ပင်ပျိုးကာ
သခင်ကြိုနှင့်နေပါမယ်။
Comment #2
မှာလိုက်ချင်တယ်၊ သည်းမြညှာရယ်
လေပွေကြမ်းတမ်း၊ ကြိုးပျက်ချိန်ဝယ်၊
မျှော်တလင့်လင့်
နွမ်းမောတင်းကြပ်၊ကျန်ရစ်ခဲ့သော
သခင့်ရင်ဝယ်၊ နားပါစေချင်
အရာအားလုံး၊ မေ့ပင်ပျိုးကာ
သခင်ကြိုနှင့်နေပါမယ်။
Comment #3
wow,,,may kha,,,,
how u r perfect.
i like both writing style and choice of words.
really amazing,,,
really wonderful,,,
Comment #4
ချစ်ခင်ရသော ရွှေကြယ်မိုးရယ်၊ မမိုးရယ်၊ အိလေးကိုအရမ်းကျေးဇူးတင်ပါတယ်………
အိလေးရယ်ခုလိုပြောပေးတာကျေးဇူးတင်ပ်ါတယ်ါ…အိလေးရဲ့စကားတွေကြောငု့်အားလဲတက်ရပါတယ်….
ဒါပေမဲ့ Perfect တော့မဟုတ်သေးပါဘူး……
ကျေးကျေးပါနော်.
Comment #5
for me,,perfect
Comment #9
အမ…ကဗျာက ချစ်စရာလေးဗျ…
အားပေးသွားပါတယ်။…
Comment #10
ဝင်ေ၇ာက်ဖတ်ပေးတဲ့မောင်နှမတွေကိုကျေးကျေးပါနော်…..
Comment #1
အားပေးသွားပါတယ်..မမေခရေ
ကဗျာလေးက ခက်ခက်ခဲခဲရေးထားရတဲ့ပုံပါပဲ
အားပေးနေပါတယ်နော်
(ရွှေကြယ်မိုး)