သို့ … သူငယ်ချင်းများ
တိမ်ရောင်စုံတွေ ဖူးပွင့်လာမယ့်
မရှိမယ့် ရှိမယ့် နေ့ရက်သစ်တွေ စုစည်းလို့
လောကရဲ့ ပန်းတိုင်ကို မျှော်ငေး
လေးလံတဲ့ စိတ်တချို့ကြောင့်
ကောင်းကင်ခရီး ကြမ်းတမ်းလွန်းတယ် …
ကဲ … သူငယ်ချင်းတို့ …
အိမ်လွမ်းသူတစ်ယောက်ရဲ့
သိမ်ငယ်တဲ့ စရိုက်တွေဖယ်ထားလို့
လှပတဲ့ အနာဂတ်ကို ရင်ဆိုင်ဖို့
ရဲရင်းတဲ့ အားတွေနဲ့
အတူတူ မျောလွင့်ကြရအောင် … ။
Zero Boyz <<<< zeroboyz123@gmail >>>>
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service