နည်းနည်းလျှော့လိုက်ပါအုံး………..
အပြာရောင် ကောင်းကင်ရဲ.မျက်လုံးများနဲ. နင်
မြွေလိမ်မြွေကောင် လမ်းများရဲ. သခင်
ခံစားချက် အမြဲမဲ့နေတဲ့ လူသေကောင်အသဲနဲ. နင်
အကယ်ဒမီပေးရလောက်အောင် တော်တဲ့ နင်
နည်းနည်းလောက်တော့ လျှော့ပေးပါ…
ငါက ဟန်မဆောင်တက်လို. ……
ခေတ်ပေါ်ပစ္စည်းတွေက နင့်အိမ်မက်လား………
ကြိုးစားအားထုတ်ရမယ်ဆိုတာ နင်မေ့နေတာလား…
လူတန်းစားခွဲ ခြားတက်တာ နင်အရည်အချင်းလား..
ဘ၀င်နဲ.မာနက နင့်လက်နက်လား…….
မိဘလုပ်စာ ထိုင်စားပြီး အရည်အချင်းဆိုတဲ့ စကားနင့်ပါးစပ်က
ထွက်ရဲတာ လေးစားတယ်……….
မိန်းကလေး မင်းတို.မသွားဘူးတဲ့ နေရာတွေ
မသုံးဘူးတာတွေ..ငါ့မှာရှိတယ်……ဒါပေမဲ့
နင့်လုပ်အားခနဲ. မိဘ ကိုရှာကျွေးဘူးလို.လား…..
ပညာတက်မှ လူရာဝင်မယ်…ဆိုရင်………….
ကမ္ဘာသူဌေးကြီး ဆယ်ဦးကို စာရင်းဖျက်လိုက်နော်…..
မိန်းကလေး ………
အသဲခွဲတက်တာ မင်းပညာဆိုရင်…
မိန်းမကောင်းတွေနာမည်ပျက်တယ်…
ယောင်္ကျားတွေတိုင်းကို နင်အထင်မသေးပါနဲ.
အားလုံးဟာ ကျားကြီးဘဲ……….
မိန်းကလေးနင် နည်းနည်းလျှောလိုက်ပါအုံး………………………..
Comment #2
နည်းနည်းများ ပြင်းလွန်းအားကြီးသလားလို့ ဗျ…..:)
Comment #4
ကျေးဇူးတင်ပါတယ် ညီအစ်ကိုများခင်ဗျာ…….ကိုကြီးကျေးဇူးပါ။
Comment #1
ကဗျာလေး တော်တော်လေးတာဘဲဗျ အရေးအသားတွေက
အရေးအဖွဲ့တွေလေးနက်တာကောင်းပါတယ်
တစ်ခုတော့ ကျွန်တော်အကြံပေးချင်တယ် တစ်ခါတစ်လေတော့လည်း သူ့ဘက်ကိုနည်းနည်းဖြည့်တွေးပေးလိုက်ပါ လောကမှာချစ်သူမရှိရင်တောင် ရန်သူမရှိတာကောင်းတယ်ဗျ ဒါလူတိုင်းအတွက်တော့မှန်ချင်မှမှန်ပါမယ် စိတ်မရှိနဲ့ဗျာ တစ်ခါတစ်လေကျွန်တော်ကဒီလို လျှာနည်းနည်းရှည်တတ်တယ် တောင်းပန်ပါတယ်
ကဗျာသစ်တွေမျှော်နေမယ်ဗျ ကြိုးစားထား ။