…..v..a…l…e…n…t…i…n..e…..
ဝေလေလေ..
ပေတေတဲ့စိတ်တွေနဲ့ 
ကျွန်တော်….တယောက်ထဲလေလွင့်
ကြွေခွင့်ရခဲ့တဲ့အခိုက်အတန့် ကိုပဲ…..တပ်မက်နေမိတယ်။
ဘယ်သူက..ဘာ..
ဘယ်သူနဲ့..ဘယ်ဝါ..ဘယ်လိုချစ်ကြ
ဘယ်လို…ပစ်ကြ….
အနှစ်မပါတဲ့အချစ်လမ်းသွယ်မှာ….
အလွမ်းရည်လူးတမ်း..ကစားကြတာတွေလည်း…
ကြားနေကျ…နားရည်ဝ…
ကျွန်တော်…..မြင်ပြင်းကပ်…ချင်ခြင်းတတ်ဖို့..ဝေးခဲ့ပါပြီ။
စတေးခံ……ပြစ်ခွာသူ
အငြင်းခံ…ရှက်ရသူ……
လိုက်တမ်းပြေးတမ်းတွေလိုပဲ……
ဒဏ်ရာကောက်တမ်း….ရလာဒ်တွေနဲ့
(ကျွန်တော့်အတွက်တော့)
အချစ်ဆိုတာ….ဇောင်းထက်ထက်..ဓားတလက်
ရင်ခွဲလို့…ပုံအပ်မိတောင်….
ဒါ….ယုံတမ်းသက်သက်..စကားလုံးတွေပါပဲ။
တကယ်တော့….
အချစ်နဲ့……………………….
အစပ်အဟတ်မတဲ့..တဲ့သူ….
အတွက်အချက်….ကန်းခဲ့တဲ့သူ
အနမ်းထွက်သက်..လွဲခဲ့တဲ့သူ…..
……………………………………
အလွမ်း
သက်သက်အတွက်သာ…ချစ်ခဲ့ရတဲ့သူ
အတွက်….ဘယ်နေ့ဘယ်ရက်..ဘယ်အချိန်အခါမျိုးမှာမှ
ဝေခွင့်ရ..လန်းဖြာနိုင်မယ့်သူ…..မဟုတ်ခဲ့ပါဘူး။
နောက်တကြိမ်.
.နောက်တလှမ်း….
နောက်အနမ်းတွေအတွက်..မ၀ံ့ရဲတော့တဲ့သူ…
ကျွန်တော့်..အတွက်…
အရင်လို..အရင်အတိုင်း….
VALENTINE ရဲ့…ပြက္ခဒိန်ထက်က…..
ဆွဲထုတ်..လို့..မေ့ဖျောက်ပြစ်ကြပါ။
ကျွန်တော်ဟာ…
.ပြာကျရုံသက်သက်…..အတွက်..ပြက္ခဒိန်ထက်..လှမ်း…တက်မိခဲ့သူမို့
ဘယ်တုန်းကမှ..အချစ်စာမျက်နှာမှာ..မွေးဖွားခွင့်မသင့်ခဲ့ပါဘူး။
Comment #3
ကဗျာကိုအပြည့်အ၀နားလည်ဖို့ထက် ခံစားလို့ရဖို့ပဲလိုပါတယ် ခံစားတယ်ဆိုတာမှာ ကိုယ့်ဘာသာခံစားချင်သလိုခံစားဖို့ပေါ့ ဒုတိယတစ်ခေါက်အဖြစ်ဖတ်သွားတယ်
ကြိုက်သွားတယ် မန့်သွားတယ်
အားမပေးသွားပါဘူး ဘာလို့လဲဆိုတော့ မမိုးက ဈေးရောင်းတာမဟုတ်လို့ပါ
ဈေးရောင်းရင်လာအားပေးပါ့မယ် ကဗျာရေးရင်ဖတ်ပါမယ် 😛
ဲJust Kidding 😛
Comment #5
a yae a tar tway ka lan de kwar
Comment #6
ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အစ်မတော်ရေ စကားလုံးတွေကတယ်ရက်စက်ပါလားဗျ အရေးအဖွဲ့လေးက တကယ်မိုက်တယ်
ကဗျာလေး ဖတ်သွားတယ်အစ်မတော်ရေ ကြိုးစားထား
အရေးအသားတွေ လေးစားနေတယ်ဗျ ။
Comment #7
ကျနော်လည်းသတိရပါတယ် မနက်ဖြန်မနက် ခုနှစ်နာရီ မြေနီကုန်းမှာ တွဲလက်တွေရှိတယ်ဗျ မမိုးနဲ့ဆုံချင်သဗျ အခုတော့ပြန်လိုက်အုံးမယ် တာ့တာ
Comment #10
he,,he,,
Comment #11
မမိုးရေ ဒီတစ်ခေါက်လည်း တော်တော်လေး
မိုက်တယ်ဗျို့။
လာလာ ဖတ်သွားပါတယ်။
ဆက်ကြိုးစားထား။
Comment #12
ထပ်တူထပ်မျှ
ခံစား အားပေးသွားပါတယ်
Comment #13
မမိုး…ခံစားချက်တွေစီထားတာကောင်းတယ်ဗျ…
အဲဒီနေ့က ချစ်သူစုံတွဲတွေပျော်မယ့်နေ့လေ…
ဟဲဟဲ…ကျွန်တော်.မပါဘူးပေါ့ဗျာ…။
ထပ်တူခံစားသွားပါတယ်..။
Comment #14
ကျွန်တော်ဟာ…
.ပြာကျရုံသက်သက်…..အတွက်..ပြက္ခဒိန်ထက်..လှမ်း…တက်မိခဲ့သူမို့
ဘယ်တုန်းကမှ..အချစ်စာမျက်နှာမှာ..မွေးဖွားခွင့်မသင့်ခဲ့ပါဘူး။
Comment #1
valentine……ကသူ့ ဟာသူနေတာပါ
သူ့ ရင်ဘတ်ကို မြှားတောင်အစိုက်ခံလိုက်ရသေးတယ်လေဗျာ…..
ကဗျာလေး အားပေးသွားပါတယ်