အို….အသင်လောက……
ရွှေရောင်.တောက်ပနေတဲ့ အမည်းရောင် လူသားတို.ရဲ. စိတ်ဓာတ်…
အမဲရောင် အဆင်းနဲ. အဖြူရောင်လူသားတို.ရဲ. ..အရူံးကို ရင်ဆိုင်ပွဲ..
ပြာလဲ့လဲ့ ကံကောင်းခြင်းနဲ. …. အနက်ေ၇ာင် ဆင်းရဲဒုက္ခများ…
အို ………အသင်လောက သင်အိပ်များပျော်နေသလား………..
လူနတ်ချမ်းသာတဲ့…….လူ(နပ်)တွေအတွက်ဘဲလား……..
ဘ၀ဆိုတာ ရုန်းကန်ရင်ဆိုင်ခြင်းတဲ့……….ဒီလိုဘဲရုန်းကန်လားတာ
အတော်ကြာပြီ…….
အသက် (၈၀)အရွယ်အဘွားအို…..တစ်ယောက် ကောက်ညင်းပေါင်းရောင်းနေတယ်..
အို……….အသင်လောက သင်အိပ်များပျော်နေလား………….
ခက်ခဲမှူတွေဘဲ…တွေ.နေရတော့ အဆင်ပြေတယ်ဆိုတဲ့စကားလုံးကို
အဘိဓာန်မှာ ပြန်ရှာတာ ငါမှားလား…………
ပျော်ရွှင်မှုတွေ ပိုင်ဆိုင်တဲ့ လူတွေရဲ. ခပ်ညံညံ ဝေဖန်ချက်ဟာ
ငါ့ကို …..အလုံး.အရပ် ..တောင် မပွန်းပဲ့ပါဘူး……………..
အို……….အသင်လောက သင်အပ်များပျော်နေလား………….
ဓားတောင်ကိုလဲ မကျော်ဘူး မီးပင်လယ်ကိုလဲ မဖြတ်ရဲဘူး…….
တစ်ကယ်မရှိလို. ရှိရင်ဖြတ်နေရအုံးမယ်လေ……….
မင်းတော့ပြောပြောနေတဲ့……စင်တာတွေ.ငါမရောက်ဘူးဘူး…..
ရောက်လဲ မရောက်ချင်ဘူး…….ရေပေါ်ဆီမဖြစ်ချင်ဘူး…….
ငါ့လုပ်အားနဲ.ရတဲ့…….ဘိန်းမုန်.ခပ်ကြမ်းကြမ်းကို ရပ်ခတ် စားမယ်………..
လူများမိုး ခါးရေသောက်တိုင်း လိုက်မသောက်တက်တဲ့
ငါ့စိတ်ဓာတ်ကို…..လေးစားတယ်…………
ကဲ……ဖြစ်ချင်တာတွေမဖြစ်ရင်တော့…ဖြစ်တာတွေဘဲလုပ်အုံးမယ်……..
သိပ်မကြောက်ချင်တော့ဘူး…….ကြောက်ရတာများလွန်းလို……..
အဲ………သတ္တိဆိုတာ လုပ်ရဲတာကို မခေါ်ဘူးနော်….
မလုပ်ရဲ တာကို အားတင်းပြီး ဆက်လုပ်တာကိုခေါ်တာ…..
အရာရာ အားလုံးကိုစိန်ခေါ်လိုက်ပြီ……….
အို………..အသင်လောက သင်နိုးလာပြီလား……………………………
Comment #2
he,,he,,
dar le hote tar pe
Comment #1
အသင်လောက..အသင်လောက..
ဘာပြောရမှန်းတောင်မသိတော့ဘူး…
နှစ်သက်အားပေးသွားပါတယ်ဗျာ..