အသဲကွဲည
ညဟာ အရက်မူးပြီးရောက်လာတယ်…..
ဒယီးဒယိုင်ဖြစ်နေတဲ့ လရောင်ဟာ မြေပြင်ပေါ် လဲကျလာတယ်…..
သူ တစ်ချက်ပြုံးလိုက်တယ်…..
ဖန်ခွက်တော့ ဟက်ထိုးလှဲပြီး ကျန်ခဲ့မှာသေချာတယ်…..
အဲ့ဒီ အခိုက်အတန့် တစ်လောကလုံး ဥသြဆွဲသံကြားလိုက်ရ၏…..
သူ စိတ်ရှိလက်ရှိ ကျောခင်းပစ်လိုက်တယ်…..
လမ်းဘေးမီးတိုင်ကြီးကလည်း စိတ်မနှံသလို ဘေးဘီဝဲယာကို အရှိန်အဟုန်နဲ့ ယိမ်းထိုးနေလေရဲ့…..
အမြင်အာရုံက ရှည်ရှည်လျားလျားကြည့်မနေပဲ မှိတ်ပစ်လိုက်ရတယ်…..
သို့သော်…..
ငြိမ်းချမ်းမသွား…..
ဆယ့်နှစ်ကြိုးကဝေ နဲ့ ရန်မီးပွားလို့ သဘာဝတရားအတွက် ခက်ထန်ကြမ်းတမ်းနေကြပြန်တယ်…..
ဒဏ္ဍရီထဲက စောင်းသံလို နိမ့်လိုက်မြင့်လိုက်နဲ့…..
ဆံပင်တွေဟာ လေကို မုန်းတီပြီး ဘယ်ပြန်ညာပြန် ပါးရိုက်ပစ်လိုက်ကြတယ်…..
သူ့ဘာသာသူထရပ်တဲ့ အ၀တ်တစ်စုံက အမိန့်မပေးရပဲနဲ့ စုတ်ပြတ်ပြတ်လက်ဟာ ဖုန်ခါနေပြန်တယ်…..
အခြေအနေအရပ်ရပ်ကြောင့် ရပ်တန့်သွားတဲ့ ခြေလှမ်းတွေရဲ့ နောက်ဆုံး……….
သွေးသံရဲရဲ အသံနက်ကြီးက ကောင်းကင်မှာ ဟ…..ာ…..း……………………………………………..
စုန်းပြူး
Comment #1
strong heart broken night,,