ပြောပါ
ချစ်တယ်ဆိုတာကို ချစ်တဲ့အတိုင်း ဖွင့်ပြောမိ …
ရင်းနှီးမှုကို အစပျိုး နှောက်မှ ဖွင့်ပြောတာမျိုးလဲ မဖြစ်ချင် …
မင့်အကြောင်းလည်း ငါမသိ
ငါတကယ်ချစ်ကြောင်းလည်း မင်းမသိ
ဘာပဲဖြစ်ဖြစ် ချစ်တယ် လို့ပြောမယ် …
မင့်အတွက် ငါဟာ ဘာမှန်းမသိ
ငါ့အတွက် မင်းဟာ တောက်ပတဲ့အလင်းစက်
အချစ်ဆိုတာ ရင်းနှီးမှုတွေထဲ ဖွင့်ပြောမှ အဆင်ပြေသလား …?လူ့ စည်းကမ်း စည်းကမ်း
လူ့ သတ်မှတ်ချက်တွေ …
ဒီလိုအခြေအနေမျိုးမှာ ငါမုန်းတယ် …
ရှေ့ဆက်ခရီး …
ငါ့စကားတစ်ခွန်းနဲ့တင် ပြီးသွားပြီလား …?
နားလည်မှု ဆိုတာကကော ဘယ်လိုအခြေအနေမျိုးမှာမှ ပေါ်ပေါက်လာရသလဲ …?
ပြောပါ …
မိုးစက်လေး ပြောပါ …
အဲ့ဒီ စွဲမက်တဲ့နုတ်ခမ်းထူထူတွေ ပြောပါ …
မျက်ဝန်းလက်လက်လေး ပြောပါ …
အွန်လိုင်းမှာ ဒီလောက်လေးနက်ပြနေတဲ့ကောင်ကို ပြောပါ …
ပြောပါ …
ပြောပါ …
ငါကို ချစ်လား … ပြောခဲ့ပါ ။ ။
စုန်းပြူး
Comment #2
Pyaw par so…
Comment #1
pyaw me naw,