လူတစ်ယောက် စိတ်ချမ်းသားဖို့
တယောက်က စတေးရတရ်
ငါတို့တွေ ဝေးကွာဖို့
ဘယ်သူတွေက သင်ပေးခဲ့တာလဲ…
လေးလံစွာ ထခဲ့ရတဲ့ မနက်ခင်း
ငါ့အတွက် ပူလောင်လွန်းတဲ့နေမင်းရယ်
သူမရှိတော့တဲ့ ရက်သတ္တပတ်အတွင်းမှာ
ငါ့မနက်ခင်းတွေကို မကြိုဆိုချင်ဘူး…
ပြိုနေတဲ့ အိပ်မက်တွေကြားက
အလိုလိုကျနေတဲ့ မျက်ရည်စက်တွေကို
ငါအဖြေတွက် ကြည့်သေးတရ်
သုညဆိုတာ ဘယ်ရောက်ရောက် သုညပါပဲ…
အကုန်ဝအောင် ငိုခဲ့ပြီးလို့
ငါဘ၀ခရီးကို ဆက်ခဲ့တရ်
တွဲလက်မရှိတော့တဲ့ ငါ့အတွက်
မနက်ကနေတောင် အနောက်ကထွက်ခဲ့ပြီ…
အချစ်နဲ့ပတ်သက်ရင် ငါကသူငယ်တန်းပါ
မချစ်တတ်လို့လဲ အတန်းရှေ့ဒဏ်ခတ်ခံရတရ်
ဘယ်ဖက်ရင်ဘတ်က အလူးလိမ့်ပဲ
ဒါပေမယ့် ငါဘယ်သူကိုမှ အပြစ်မမြင်ခဲ့ပါဘူး…
ချစ်ချင်နေတဲ့ နှလုံးသားကို
အမုန်းဆိုတဲ့အဆိပ် သူခတ်ခဲ့တရ်
ပြက်ရယ်ပြုခဲ့တဲ့ နေ့တွေကလဲ
အဖက်ဆည်မရအောင် ဆွေးမြေ့နေခဲ့…
ဖေးမှခဲ့သူမရှိလဲ အသုံးမတဲ့တဲံ
နှလုံးသားကို မြေမြှုပ်
ခံစားချက်တွေကို ထုပ်ပိုးလို့
အချစ်ရိပ်သာကို လှူခဲ့တရ်…
ဘယ်သူမှမသိပဲ အချစ်မြို့ကိုစွန့်လို့
အမုန်းမြို့ရိုးမှာ လမ်းလျှောက်ထွက်ခဲ့
ကိုယ်လိုသူလိုကြား ငါတစ်ယောက်
အမုန်းသမားဘွဲ့ကို ခံယူလို့
တသတ်မှာတခါတော့ ရှုံခဲ့ပါပြီ…
စိတ်ကူးယဉ်ကမ္ဘာမှာတော့
အချစ်က ဆရာပါပဲ
အက္ခရာ ‘ခ’ အထိပဲသင်ပေးတဲ့
သူ့ကို မုန်းမိပါတရ်
ကိုယ်ဆင်ခဲ့တဲ့ ဇာတ်မှာ
ကိုယ်တိုင် ‘ကကြိုးရုပ်’ ဖြစ်ခဲ့ရတာ
စိတ်မကောင်းပါဘူး…
အချစ်အတွက် အကြောင်းပြချက်မရှိသလို
အမုန်းအတွက် သက်သေမပြုခဲ့ပါဘူး
ဆက်နေရမဲ့နေ့တွေမှာလဲ ငါဟာ
နှလုံးသားမရှိတော့တဲ့ စက်ရုပ်တရုပ်လိုပါပဲ….
Comment #1
အချစ်နဲ့ပတ်သက်ရင် ငါကသူငယ်တန်းပါ
မချစ်တတ်လို့လဲ အတန်းရှေ့ဒဏ်ခတ်ခံရတရ်
ဘယ်ဖက်ရင်ဘတ်က အလူးလိမ့်ပဲ
ဒါပေမယ့် ငါဘယ်သူကိုမှ အပြစ်မမြင်ခဲ့ပါဘူး…
ခံစားအားပေးသွားပါတယ်…