နင်နဲ့မှ …
နင့် ကဗျာတစ်ကြောင်း
ငါ အရာရာထက် ပိုမက်ပါတယ် …
ငါ့ကမ္ဘာမှာ နင့်ကိုချစ်တဲ့စိတ်တခုကလွဲရင်
အရာအားလုံးက အမှောင် …
ဘာဆို ဘာမှ မမြင်တော့လောက်အောင်
စုံလုံးမက ကန်း .. ။
ဘာပဲဖြစ်ဖြစ်ပါ … ဘာပဲဖြစ်ဖြစ်ပေါ့ …
ငါ နင့်နားရှိမယ် …
နင် ငါ့နားမရှိလဲ ငါ နင့်နားရှိမယ် …
သူနဲ့မှ ငါနဲ့မှ … အဲ့ သတ်မှတ်ချက်တွေ ခဏဘေးချိတ် ..
နင် ပျော်မယ်ဟုတ် …
နင့်အပြုံးတွေပဲ ငါ အလိုပါရှိတယ် … ။
ထပ်ပြုံးပြပါဦး …
အဲ့ဒိအပြုံးမျိုး .. နင်ကလွဲ ဘယ်သူမှ မပြုံးတတ်ဘူး …
ဘေးကျပ်နံကျပ် ..
တခါတလေ အသက်ရှုပါရပ်တယ် … ။
အဆင်ပြေပါတယ် …
တချို့အချိန်ကျတော့လဲ
အဆင်ပြေအောင်နေလိုက်ရ … ။
အကြောင်းမဲ့ သ၀န်တိုတာတော့
မဟုတ်ရဘူးလေ …
ကိုယ်တန်ဖိုးထားရတဲ့အရာဆိုတော့လဲ
ကိုယ်တစ်ယောက်ထဲ တန်ဖိုးထားချင်မိရုံ … ။
နေမြင့်ရင် အရူးရင့်တယ်လို့ ပြောကြတယ်ဟုတ် ..
ငါ့အတွက် မွန်းတည့်ဆိုတာ
တစ်နေ့မှာ နှစ်ဆယ့်လေးနာရီ .. ။
ကိုယ်တိုင်က ပိုးဖလံ တစ်ကောင်ဖြစ်ချင်မှတော့
မီးကို ကြောက်လို့ မရဘူးနော် …
မီးလျှံကြားမှာ တစ်ကိုယ်လုံးပူခြစ်
ကိုယ့်ကိုယ်ကို သဂြိုဟ်ခဲ့တဲ့ ညတွေရှိတယ်. ..
ဒါပေမယ့် ..
နင်နဲ့အတူရှိနေတဲ့
စက္ကန့်များစွာ … နာရီအနည်းငယ်အတွင်း …
နင့် ပခုံးပေါ်ခေါင်းမှီ … နင့်စကားတွေ နားထောင်ရင်း
ငါ့ဝိဥာဉ် က အသစ်ပြန်ဖြစ်ရဲ့ …
ဒီလိုနဲ့ပဲ ငါ့ဘ၀ သံသရာလည်
နင့်စိတ်နဲ့ပဲ ငါ့အတွေးတွေ မောင်းနှင် …
နင့်အပြုံးနဲ့ ငါ့နေ့ရက်တွေ ရှေ့ဆက် ..
နင့်ဒေါသနဲ့ ငါ့မျက်ရည်တွေ အတားအဆီးမဲ့ …
ဟုတ်ပါရဲ့ … ငါလဲ နင်နဲ့မှပဲ အရူးမကို ဖြစ်တော့တာပဲကွယ် … ။
Comment #2
tay p,,sayar,,
tay loh ya de sa ka lone a g g tway a myar g tone htar de,,
tay p,,,
tay p,,,
Comment #3
nge lay ye,,
shin 1 ke ko myat myat noe noe ne chit tar,,,
shin d lout ta baw htar g myat tar,,,
shin d lout nar le pay naing tar,,
shin d lout,,,,
shin d lout taung,,,
shin d lout taung hma,,,,
oh,,,a yan g ko lae sar arr kya mi par de,,,
thu a yan kan kaung tar pe naw,,
shin ka lwe p 1 char 1 yout ko chit loh ma ya par say ne loh su taung pay par de,,
Comment #5
why not?
believe urself.
Comment #7
တကယ်..ခံစားချက်ကဗျာလေးပါပဲဗျာ…
ခံစားအားပေးသွားပါတယ်..
Comment #8
အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် .. 🙂
Comment #10
ကေါင်းပါတယ်တကယ်ပြောတာ
Comment #11
ပေါ့ပေါ့ပါးပါးလေး မြင်ချင်ပါတယ်……ခံစားချက်တွေလေးနက်လွန်းတယ်……..
အချစ်ကြီးသူများအဖွဲ့ထဲမှာ လည်းပါလောက်ပါရဲ့………..;)
အာဒံ မသိလိုက်တဲ့ ပန်းသီးတလုံးကို ချစ်မိသူနဲ့ အတူစားခဲ့ကြတာဘဲမဟုတ်လား။
ကောင်းတယ် ထိအောင်ပစ်….။
Comment #14
ဟုတ် … အခုလို အားပေးကြတဲ့အတွက် … တကယ်ကြီးကို ကျေးဇူးတင်ပါတယ်ရှင် … 🙂
Comment #15
လူတိုင်းက အရူး ပဲ။
အစ်မ အချစ်က မြင့်မြတ်ပါတယ်။
Comment #16
မြင့်မြတ်တာမဟုတ်ဘူး … မြင့်မြတ်ချင်ယောင်ဆောင်နေတာပါ … 🙂
Comment #17
hin,,,
hote lar?
han saung tar kaung bu naw,,
Comment #19
ရင်ထဲက ခံစားချက်တွေ ….
ထပ်တူညီနေတဲ့ ကဗျာလေးပါ …..
Comment #21
အားပေးကြတဲ့ အကိုတွေ အမတွေ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် …
Comment #23
တဖက်သက်အချစ်ကိုပုံဖော်ထားတာကောင်းတယ်ညီမခ့စားချက်တွေများတယ်နော်
Comment #25
!__!
!_!
!_!
Comment #26
ကောင်းပါ၏
Comment #1
အားပေးသွားပါတယ်ဗျာ……