စလီဘရတီကဗျာ
ကောင်းကင်တစ်ပင်မှာ ပွင့်တဲ့ လမင်းလို အကိုင်းအခက် မစုံလင်သေးသရွေ့တော့
လှိုင်းကဓံကို နွေးစက်စွာ ညစ်ရွှင်နေရဦးမယ့်သူ..
ဖြစ်တယ်လို့ အရေးအသားတွေကြုံလွဲလာ။ (ကျွန်တော်နှင့် ဘာသာစကားမှားယွင်းမှု)
ရေဝေးအိမ်မှာ မီးမလောင်ပါစေနှင့်။ သတိတရားနှင့် အသိတရားကို စေးထိုင်းထိုင်း အနာထီးတစ်လက်က
ကိုင်ထားသော လမ်းကို ခြေထောက်ပေါ် လျှောက်မရ၊ တစ်ခါ
ကုစား၊ မီးအုံ့ပြီး မိုးရွာပြီ။ (ကျွန်တော်နှင့် နွေရာသီ သတိပေးချက်)
မျှောနေတဲ့ ပင်လယ်ပေါ် ဖြေးလျင်စွာ ပွတ်တိုက်သံ။ တ၀ူဝူ၊ တဒုန်းဒုန်း။
ယိမ်းခါနေတဲ့ ဗရမ်းဗတာ သစ်ပင်မှာ အိမ်တစ်အိမ်ရဲ့ ဦးထုပ်က ခိုနား
လွဲပြီးရင်း လွဲပေမယ့် ဒီတစ်ခါ ကွက်တိလွဲခဲ့တာ။ (ကျွန်တော်နှင့် မုန်တိုင်းသတိပေးချက်)
ပုခက်ထဲမှာ ပေါက်နေတဲ့ ကွန်ပျူတာသေးသေးလေး တစ်ပင်
မျှော်လင့်ချက်ကို နောက်ဆုံးပေါ် ကွန်တန်ပိုရီစပရေးနဲ့ ဆွတ်ပျံ့စေဖို့။ စွဲလန်း။
စကောလားရှစ်နဲ့ ရတဲ့ဘ၀မို့ သေဖို့မတန်သေးခဲ့တာလား (ကျွန်တော်နှင့် စာမေးပွဲရလဒ်များ)
တိုက်ဆိုင်မှုနဲ့ လွဲတဲ့ သံသယကို..။ မမြင်ရဘူး။ ဖောင့်ကြီးကြီးရေး။ မမြင်ရဘူး။ မျက်လုံးကြီးကြီးနဲ့သာ ဖတ်ပါ။
ဦးနှောက်မှာ ဘက်ဂီယာပါသလားဟေ့။ ဟိုးဆရာရေ။ ကျွိ။
နှိုက်သူ၊ ချောင်းသူ၊ လုသူ၊ အပေါ်ဆင်း၊ အောက်တက်၊ လွယ်အိတ်၊ ထမင်းချိုင့် (ကျွန်တော်နှင့် ဘက်စ်ကားများ)
ဒါပို့စ်ဟေ့၊ ဒါဒန်ဟေ့၊ ဒါကွန်ဟေ့၊ ဒါဒီဟေ့။ တံဆိပ်ကပ်၊ ဘောင်ထွင်းလုပ်ငန်းများဖြစ်ထွန်း
ထီးပြင်တယ်၊ ဖိနပ်ပြင်တယ်။ မုန့်လုံးဟာ ရေပေါ်ဝယ်။ မဆလာ၊ ဆီလူး၊ သံဖိနပ်နဲ့ ရူးပါ။
Draft လား၊ Craft လား။ မသာမယာ နေမင်းသက်ပြင်းချ။ (ကျွန်တော်နှင့် တံဆိပ်ဈေးသည်များ)
ရင်နင့်အောင်
Comment #1
တကယ် celebrity ဆန်တယ်ဗျာ 🙂