တိုးတိတ်သော ချစ်ခြင်း
အစကတည်းကိုက…
ပါးလှပ်လှပ် အနာဂါတ်လေးပါ
အယောင်ဆောင်မိုးတွေပဲ ချိုးနေရတော့
ဘ၀က တစထက်တစ
ချည့်နဲ့လို့လာခဲ့တယ်။
အေးစက်စက်မင်းအသံကိုကြားရင်
ခိုက်ခိုက်တုန်အောင် ဖျားနာလို့
အရင်လို နွေးထွေးတဲ့ လက်တစ်စုံကို
ကယောင်ကတမ်းနဲ့
အိမ်မက်ထိအောင် လိုက်ဖမ်းခဲ့တယ်။
တိမ်ရောင်တောက်တဲ့ ညနေတွေဆို
လေပြေမှာ မင်းအသံကြားရနိုး
ခြံရှေ့ကို မင်း ရောက်လာနိုးနဲ့
ခပ်ဆိုးဆိုး နှလုံးသားက
မင်းတယောက်ကိုပဲ တမ်းတခဲ့တယ်။
နှုတ်ခမ်းဖျားနဲ့ လွမ်းတတ်သူတွေကြားမှာ
ရင်ဘတ်နဲ့ခံစားတတ်တဲ့ငါက
မင်းအတွက် လူရာဝင်နိုင်ပါ့မလား
ဆိတ်ငြိမ်တဲ့ ချစ်ခြင်းရဲ့ အသံကို
မင်းတယောက်ကြားနိုင်ပါစ…ချစ်တဲ့သူ။
Comment #2
nice poem.
cute & lovely.
kyar aung aww pyaw like lay..
Comment #3
ခပ်ဆိုးဆိုး နှလုံးသားက
မင်းတယောက်ကိုပဲ တမ်းတခဲ့တယ်။
နှုတ်ခမ်းဖျားနဲ့ လွမ်းတတ်သူတွေကြားမှာ
ရင်ဘတ်နဲ့ခံစားတတ်တဲ့ငါက
မင်းအတွက် လူရာဝင်နိုင်ပါ့မလား
ဆိတ်ငြိမ်တဲ့ ချစ်ခြင်းရဲ့ အသံကို
မင်းတယောက်ကြားနိုင်ပါစ…ချစ်တဲ့သူ။
Comment #4
ကောင်းတယ်ဗျာ
အေးစက်စက်မင်းအသံကိုကြားရင်
ခိုက်ခိုက်တုန်အောင် ဖျားနာလို့
အရင်လို နွေးထွေးတဲ့ လက်တစ်စုံကို
ကယောင်ကတမ်းနဲ့
အိမ်မက်ထိအောင် လိုက်ဖမ်းခဲ့တယ်။
Comment #5
အေးစက်စက်မင်းအသံကိုကြားရင်
ခိုက်ခိုက်တုန်အောင် ဖျားနာလို့
အရင်လို နွေးထွေးတဲ့ လက်တစ်စုံကို
ကယောင်ကတမ်းနဲ့
အိမ်မက်ထိအောင် လိုက်ဖမ်းခဲ့တယ်။
Comment #6
🙁
Hote pa.
Now I m in hospital.
Comment #1
… အရင်လို နွေးထွေးတဲ့ လက်တစ်စုံကို
ကယောင်ကတမ်းနဲ့
အိမ်မက်ထိအောင် လိုက်ဖမ်းခဲ့တယ်။
… ခြံရှေ့ကို မင်း ရောက်လာနိုးနဲ့
ခပ်ဆိုးဆိုး နှလုံးသားက
မင်းတယောက်ကိုပဲ တမ်းတခဲ့တယ်။