တနင်္ဂနွေမြစ်
တနင်္ဂနွေတွေဟာ ကျွန်မအတွက်ထူးမခြားနား
ရှည်လျားမြဲ ရှည်လျားလျက် . .
ကဗျာတစ်ပုဒ်ချရေးလိုက်တယ်
တွေးလိုက်ဖျက်လိုက်၊ ရေးလိုက်ပြင်လိုက်နဲ့
ကျွန်မရဲ့ တနင်္ဂနွေဟာ ပြင်ရာဖျက်ရာများလွန်းခဲ့တယ်
အဲဒီတနင်္ဂနွေမှာ
မှားတာရှိရင်တောင်းပန်ပါတယ်ဆိုတဲ့ အောင်လရဲ့သီချင်းကို
မဆီမဆိုင်ကြတ်ခြေခတ်မိတယ်
မသိုးမသန့်တောင်းပန်မှုတွေက (ပြန်တွေးတိုင်း)
လူကို ခုထိ အ သက် ရှု ကျပ် စေ တုန်း . . .
အဲဒီတနင်္ဂနွေမှာ
သူ့ကို ခံစားလို့ကောင်းရုံသက်သက် လွမ်းခဲ့တာမဟုတ်ဘူး
လူကြားလို့ကောင်းရုံလေး နားလည်ပေးခဲ့တာမဟုတ်ဘူး
အရှုံးတွေကိုခံစားရတိုင်းလဲ မျှဝေပေးမဲ့သူရှာခဲ့တာမဟုတ်ဘူး
နာကြည်းစရာကောင်းလွန်းလို့ နာကျင်နေတာလဲမဟုတ်ဘူး
အ ချစ် ကို . . . (အချစ်လို့) ခံစားခဲ့မိရုံလေးတစ်ခုပဲ
အဲဒီတနင်္ဂနွေမှာ
(အဖြေက)
ငါတို့နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ဘူးတဲ့လား
သွေးအေးသွားရင် အနေလဲဝေးသွားမှာပါတဲ့လား
……………………… ။
အဲဒီတနင်္ဂနွေမှာ
သူဟာ ကျွန်မအတွက်တော့ ဘယ်တော့မှ
အ ဖြေ ထုတ် မ ရ တဲ့ ပုစ္ဆာ တစ် ပုဒ်
ရပ် တန့် မ ရ တဲ့ အချိန် နာ ရီ
ရွေ့ လျား နေ တဲ့ ကာလ သုံး ပါး
လည် ပတ် နေ တဲ့ ရာသီ ဥတု
………………………….။
ဒီ လို နဲ့ သူဟာ အဲ ဒီ တနင်္ဂနွေ တွေ မှာ ကျွန် မ ရင်ထဲ ထာ ဝ ရ စီး ဆင်း နေ မဲ့
အ ဆုံး မဲ့ မြစ် တစ် စင်း . . .။
နတ်သမီး
Comment #2
ကျွန်တော်..အားပေးသွားတယ်..နတ်သမီး..ရေ…
တနင်္ဂနွေနေ့ကိုတော့..မုန်းနေမိတယ်.
Comment #3
bar phyit loh le hin,,ma moe?
Comment #4
တနင်္ဂနွေ………
Comment #5
ei lay ka Sunday born,,,
i love Sunday,,he,,he,,
Comment #1
arr pay twar par d