အဆန်း
အတွေးတွေကို
နင်းချေပစ်ဖို့ ကြိုးစားနေတာ
တမ်းတလွယ်တယ်လို့တော့
မပြောပါနဲ့
သတိတရဆိုတာက
ပုံရိပ်တွေ မပြယ်ခင်လေး
ဖမ်းဆုတ်နေလို့
အော်..
စမ်းတ၀ါးဝါးနဲ့
မခွဲခြားနိုင်ကောင်း
ဖြစ်ပါလိမ့်မယ်
အခုတော့
မချစ်မိဖို့ ကံတရားနဲ့
စစ်ခင်းနေရတုန်းပဲ
ဒါပေမယ့်
ငါ့ရင်ဘတ်ထက် င့ါပိုကြားမိတာတော့
အဆန်းပါလား…
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
poem lay ka san de,,
tay char dot ma ti pay me,,