အရိပ်
ချစ်ရတဲ့သူဆိုတော့ ရှိခဲ့တဲ့ မာနတွေ လျော့ချပြီး၊
နှိမ့်ချကာ အရာရာကို အလျော့ပေး၊
ချစ်ခဲ့တယ်ဆိုတာ ၀န်ခံပါရစေ….
ချစ်ရတဲ့ …
အမြတ်ဆူး မဆူးအောင်
ထပ်တလဲလဲ ဂရုပြုနေရသူပါ…။
ငြိုငြင်မှုတစ်ခု ရင်ဝယ်သို့စုလာရင်
အလျှင်စလိုပဲ အခု
ဖယ်ရှားမှု ပြုလိုက်မှာပါ…။
ဘာကြောင့်လဲ ဆိုတော့
မင်းရဲ့ ခြေလှမ်းတိုင်း ဂရုစိုက်ပြီး
မခွဲမခွာဘဲ မင်းနောက်မှာ အမြဲ ရှိစေဖို့
မင်းအရိပ်လိုဘဲ ဖြစ်ချင်တယ်ကွာ….
“အရိပ်ဆိုတာ … တုန့်ပြန်မှု့ကင်းမဲ့ပြီး
ငြိမ်သက်စွာ အနောက်က လိုက်ရတဲ့
ကိုယ်ပွားအငွေ့ အသက်လေးမို့ပါ”
မူရင်း – ပထမအရွယ် ရဲ့ ပထမဝေဒနာ (၂၀၀၉ ၀န်းကျင်ခန့်) စာအုပ်က ပိုက်ကွန် ရဲ့ ကဗျာ ပါ။
Comment #2
ချစ်ရတဲ့သူဆိုတော့ ရှိခဲ့တဲ့ မာနတွေ လျော့ချပြီး၊
နှိမ့်ချကာ အရာရာကို အလျော့ပေး၊
ချစ်ခဲ့တယ်ဆိုတာ ၀န်ခံပါရစေ
By: May Kha at Feb 28, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
aww,,hote pay tar pe naw,,
he,,he,,
d poem lay ko phat p sate kaout pyay like dot me,,