ကျတော့် ရဲ့ “သူ”
သူ … ကျွန်တော်၏ သူ … သူဟု ခေါ်ဆိုရာ နာမ်စား
ခပ်ပါးပါး ဓားတစ်ချောင်းထက် စူးနစ်ဝင်ရောက်ခဲ့သူ …
အဲ့ဒါ ကျွန်တော်၏ “သူ” …
သူ ဟု ခေါ်ဆိုရာ သူမ အတွက် အရိပ်တချို့ အုပ်မိုးပေးချင်ခဲ့ …
တချို့ တခါ နေပူ … သို့မဟုတ် မိုးရွာ … ခိုးနာရာ အမိုး … တခါ …
ကျတော့ ကဗျာ ကျွန်တော့စာအတွက် ခပ်ပါးပါးလေးပြုံး …
ဒါကို ကျတော့ အတွက် “ကျေနပ်စွာကျဆုံးခြင်း” ဟု ခေါ်သည် …
သူ့ ဆံနွယ်တချို့ နမ်းရှိုက်ချင်ရဲ့ … သူ့လက်တစ်စုံ နွေးထွေးစွာ အုပ်မိုးပေးချင်ခဲ့ …
ရင်ခုန်သံလဲ ခပ်သဲ့သဲ့ ကြားရတယ် … ဒါ … ဖွဲ့ နွဲ့ ဖို့ မလို …
ကျတော်သိတယ်ကဗျာ … ဒီတခါ ငါ့အတွက် ပြုံးလိုက်ပါ …း)
မိုးဖွဲသောအခါ … မိုးသည်းသောအခါ … သို့မဟုတ် မိုးစဲသော အခါ …
သူမဘေးနား ခပ်မတ်မတ်လေးရပ် … ”ထီးတစ်ချောင်းလို ငါ့ကို လိုအပ်နေပေးပါ ”…
စွန့်လွှတ်ခြင်းလား … ပိုင်ဆိုင်ခြင်းလား … ငါမသိဘူးကဗျာ …
သူမဘေး ကျတော်၇ပ် … သူ့အပြုံးကို ထပ်ချပ်မကွာ ငံ့လင့်နေသူ …
သူ … ကျတော်၏ “သူ” … သူဟု ခေါ်ဆိုရာ နာမ်စား …
အရာရာထက် ကျတော့အတွက် “မြင့်မြတ်စင်ကြယ်လွန်းသူ”
အဲ့ဒါ … ကျတော့်ရဲ့ “သူ” …
Comment #3
kyun ma ye thu,,,
kyun ma a twat ma shi ma phyit thu,,,
a yan kyike de kwar,,
Comment #4
So touching to my heart.
Ths so much.
Comment #1
ဖြည်းဖြည်းလေးပဲလျှောက်သွားခဲ့တယ်