သူ့ မှာတမ်း (မင်းသုဝဏ်)
သူတို့ အဆုတ် ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား မောင်ပြောက်ကျားကို
ရွာသားရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့  ထတုန်တည်း။
အမောင် ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့ လိုသနည်း ။
ငယ်က ကြင်မြတ် ၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။
အမောင် ပြောက်ကျား ၊ မိဖအားကို
ဘာများ မှာခဲ့ လိုသနည်း ။
မွေးသည့်မိခင် ၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ ။
မောင် ပြောက်ကျား ၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့ လိုသနည်း ။
ခရီးမတ်တပ် ၊ လမ်းခုလတ်တွင်
ကိုယ်လွတ် ရှောင်ခွာ ၊ ခွဲရပါရ်ျ
အားနာခဲ့ကြောင်း ပြောပါလေ ။
ယမ်းငွေ့အူအူ ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေ ပြီတကား ။
…………………………
မင်းသုဝဏ် (မြ၀တီမဂ္ဂဇင်း၊ မတ်လ ၁၉၆၃)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အမောင် ပြောက်ကျား၊ ချစ်သူအားကို…
…ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။
အမောင် ပြောက်ကျား ၊ မိဖအားကို…
…ဦးတင်ခဲ့ကြောင်း ပြောပါလေ ။
မောင် ပြောက်ကျား ၊ တိုင်းပြည်အားကို…
… ခရီးမတ်တပ် ၊ လမ်းခုလတ်တွင်
ကိုယ်လွတ် ရှောင်ခွာ ၊ ခွဲရပါရ်ျ
အားနာခဲ့ကြောင်း ပြောပါလေ ။