ညများ
ညများ..သေလွန်ပြီးသောညများ
အတွေး ၊ အိပ်မက် ၊ ဆေးလိပ် 1ဖွာ 2ဖွာ ညများ
ဘယ် ညာ သေချာမသိတဲ့ မင်းဘက် ငါ့ဘက် ညများ
ငိုက်မျည်းမှု နိုးထမှုတွေနဲ့ အနားသတ်မညီတဲ့ ညများ
ဝေးတယ် နီးတယ် ငတ်မွတ်တယ် ပလက်ဖေါင်းပေါ်မှာ မေ့ထားကြတဲ့ညများ ရှိတယ်
ကမ္ဘာလုံးတဲ့ ပြားတဲ့ ကော်ဖီဝိုင်းညများနဲ့ ကျုပ်တို့ ညများစွာမှာ
လွပ်လပ်ခြင်းရရှိဖို့ လိုအပ်ချက်ကလေးများ တစ်ဝက်မက လိုအပ်ပါ့ ၊
ကျွန်တော်က ကျွန်တော့် ကို ပြန်ရှာခြင်းအမှားတွေသာစားသုံးမိတဲ့ ည
ပျောက်တစ်ဝက် မီးတစ်စက်နဲ့အဝေးအနီးတွေသွေးပျက်နေမိတဲ့ည
မျှော်လင့်ခြင်းအသေတွေပိုက် အသံတိတ်ငိုရှိုက်နေမိတဲ့ည
ည..ဒုက္ခအလွဲတွေနဲ့ အထီးကျန်အိပ်မက်တွေထဲ မျောသွားတဲ့ည မောတယ်ဗျာ
ငါဆိုတဲ့ ဘာသာဗေဒတွေ စည်းမျည်းစည်းကမ်းတွေ
လမ်းဖေါက်ဖို့ဆိုတာ ငေးရင်းမနီးမယ့် အနာဂတ်တွေအတွက်
လမ်းဘေးက ည ဟာ ငါ့အတွက် မက်လောက်စရာ အာသာရမ္မက်ပဲ
ငါ မသိတဲ့ ညအသေတွေကို ဆက်တိုက် နမ်း ရှိုက် နေ ရ
အသေကောင်လို တည်ငြိမ် တတ်ဖို့ ည တွေမှာ သမာဓိ လိုအပ်နေတယ်
ဘ၀ကိုကိုက်ခဲနေတဲ့ ခွေးလေ ခွေးလွင့်များ ညမှာ ပျော်ပါး/
ကျက်စားနေပေါ့ မီးရောင်တွေ သီချင်းသံများနဲ့ အနာဂါတ် ခေါင်းဆောင်များ
ဆေးပြား နဲ့ သွေးသားများကို ကစား ကြတယ် ညတွေကျက်သရေတုန်းနေတာ
ကြာပေါ့… ညတွေဝေးလံနေတာ ကြာပေါ့ /ညတွေ /ပီးတော့ မီးပျက်နေတဲ့ ညတွေပဲ
ကျုပ်တို့ ကျင့်သား ရနေပြီ ။
မောင်မြတ်သူ ၊ အသဲကွဲမိုး
Comment #6
မောင်နှမနှစ်ယောက်ကြိုးစားပမ်းစားရေးထားကြတာပေါ့ မိုက်တယ်ဗျာ
ည ဆိုတဲ့ ဝေါဟာရလေးမှာ အစ်ကို နဲ့ အစ်မပြောသလို ဆေးပြားတွေနဲ့ သွေးသားကစားနေကြတာတွေရှိသလို စံပယ်ပန်းကုံးလေးတွေနဲ့ရုန်းကန်နေရတာတွေရှိတယ်ဗျ ည မှာ မကောင်းတာလုပ်တဲ့သူတွေရှိသလို ကောင်းတာလုပ်နေတဲ့သူတွေလည်းအများကြီးရှိပါတယ် (ဒါကျွန်တော်ကဗျာကိုဝေဖန်တာမဟုတ်ဘူးနော် ကျွန်တော့အမြင်ကိုပွင့်ပွင့်လင်းလင်းပြောပြတာပါ)
အစ်ကို နဲ့ အစ်မတို့အရေးအသားကို လာရောက်ဖတ်သွားကြောင်းပါ
ကျွန်တော်လည်း အစ်မတော်အသဲနဲ့ကဗျာတစ်ပုဒ်လောက်အတူတူရေးချင်တယ်ဗျ ။
Comment #7
ကဗျာကတော့…တော်တော်ကောင်းတယ်ဗျ…
2ယောက်ပေါင်းလိုက်တော့..သွားပြီးပေါ့…
ကဗျာရဲ့ပုံစံကလည်း…တစ်မျိုးကောင်းတယ်..အကို နဲ့ အမ
Comment #8
ကိုမြတ်သူ နဲ့ မိုး ရဲ့ ဒီညကိုတော့ကြိုက်သွားပြီ . . . 🙂
Comment #1
so great !
လေးစားရတဲ့ ဆရာသမားနှစ်ယောက် ၇ဲ့ အရေးအသားတွေကို ပူးတွဲမြင်ခွင့် ခံစားခွင့်ရတာ
တော်တေ် ထိုက်တန်ပါတယ်ဗျာ..လေးစားအတုယူလျှက်ပါပဲ