ဆန္ဒ (ဒီတူးဆစ်တောင်ငူ)
ဆန္ဒ
ခွဲခွါသွားပြီဆိုတာ သိလိုက်တော့
နှလုံးသားမှာ ဆစ် ခနဲ
ဒဏ်ရာတစ်ခုထင်ကျန်ခဲ့တယ်
အလွမ်းတဲ့………
မသိမသာလေးပါပဲ
ချစ်မိခဲ့တုန်းကပေါ့…….
အလူးအလဲခံစားလိုက်ရတာ
“အလွမ်း” ….တွေလေ
ဟောင်လောင်းပေါက်နှလုံးသားကို
အလွမ်က တိုက်စားသွားခဲ့တာ
အခုဆိုရင်လေ….
ငါ့နှလုံးသား ကမ်းပါးတောင်
ပြိုကျလုပြီ……..။
ဖြစ်နိုင်မယ်ဆိုရင်ပေါ့…
နာရီ နဲ့ ရာသီ ..
ပြီးတော့ ….
ကမ္ဘာကြီးကို နောက်ပြန်လှည့်
ပျော်ရွှင်ဖူးတဲ့နေ့ရက် တွေဆီပဲ
ငါ ပြန်သွားချင်တယ်….။
ဒီတူးဆစ် (တောင်ငူ)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
san da pyay par say