“ပြောင်းလဲခဲ့ပြီလားအတာ“(ဒီတူးဆစ်တောင်ငူ)
“ပြောင်းလဲခဲ့ပြီလားအတာ“
သြော်……
ဘာလိုလိုနဲ့..
နှစ်တွေကူးပြောင်း
ပိတောက်တွေတောင်
ဖူးလို့နေပြီ နော်………
လွမ်းလိုက်တာ “ အတာ ”
အိပ်မက်တွေလို ပျောက်ပျယ်ခဲ့ရတဲ့
နေ့ရက်တွေ..
အချိန်နာရီ တွေ….
စက္ကန့်တွေ…က
သတိတရ နဲ့
ရင်ခွင်ကိုတံခါးခေါက် လို့ …
အလွမ်းတွေကို
အလိုက်တသိ ဆက်သလိုက်ပြန်ပြီ “ အတာ ”
ပိတောက်ကပဲ သစ္စာမရှိတာလား
ရာသီစက်ဝန်းကပဲ ဖောက်ပြန်ခဲ့တာလား
“ အတာ ” မင်းကပဲ ကတိမတည်ခဲ့တာလား
အပြောင်းလဲကြီး ပြောင်းလဲနေကြတဲ့
ခုချိန်အထိတောင်
မင်း အတွက် ငါ့ရင်ထဲကချစ်ခြင်းတွေက
မပြောင်းလဲနိုင်သေးဘူး“အတာ”။
ဒီတူးဆစ် (တောင်ငူ)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
hman like lay chin,,