နွေရာသီစုတ်ချက်ကြမ်း (ဒီတူးဆစ်တောင်ငူ)
နွေရာသီစုတ်ချက်ကြမ်း (ဒီတူးဆစ်တောင်ငူ)
ဧပရယ် ဖူးဒေး
လူငယ်တွေအရူးထတဲ့နေ့ လေ
ဥသြတွေရဲ့ ငိုညဉ်း သံအဆုံးမှာ
ရွှေဝါရောင် ပိတောက်ပန်းတွေက
မြို့မငြိမ်းရဲ့သီချင်းသံကြားမှ
ာ
ယိမ်းနွဲ့ကခုန်နေလေရဲ့
ယိမ်းနွဲ့ကခုန်နေလေရဲ့
လူတစ်ချို့ကရိပ်သာဝင်ပြီး
တရားမှတ်နေချိန်
လူတစ်ချို့ကအရက်ဆိုင်ထိုင်ပြီး
အမြည်းနှိုက်နေလေရဲ့
နှစ်တစ်နှစ်ရဲ့အညစ်အကြေးတွေကို
ဆေးကြောရမဲ့အစား
နှစ်သစ်ကိုအညစ်အကြေးတွေနဲ့ဖုံးလွှမ်းစေခဲ့
တစ်ချိန်တုန်းက အတာ
သပြေခက်နဲ့ရေပက်
မုဒိတာတွေအထပ်ထပ်နဲ့ပေါ့
ခေတ်သစ်မှာ အတာ
ခွက်စောင်းနဲ့ပိုက်ဟောင်း
ရေတွေလောင်းလိုက်ကြပုံများ
ဒေါသတွေလျှံတကလို့
သင်္ကြန်ရဲ့အနှစ်သာရ
အပြစ်တွေသာ
မရှာပဲတွေ့နေရပါလား….
—
ဒီတူးဆစ် (တောင်ငူ)
Comment #3
ရေးတတ်လွန်းတယ်ဗျ
ဖတ်သွားပါကြောင်း ~~
By: X - ray at Mar 5, 2012
Comment #5
thu ko pop,,
By: ei lay at Mar 5, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
april fool day hmar ei lay ka dot yee sar sa kar pyaw like de,,
he,,he,,lol,,