ဥယျဉ်မှုး (ဒီတူးဆစ်တောင်ငူ)
ဥယျဉ်မှုး (ဒီတူးဆစ်တောင်ငူ)
ပန်းတစ်ပွင့်လန်းစွင့်စေဖို့
သူလက်တွေ အဆိပ်သင့်ခဲ့ရတယ်
ပွင့်ဖတ်တွေနူးညံ့စေဖို့
သူလက်တွေ အသားမာတက်ခဲ့ရတယ်.
ကမ္ဘာမြေကိုအလှဆင်ဖို့
ပန်းပျိုးလက်တစ်စုံနဲ့
ပျိုးခဲ့တဲ့ပန်း…
ပန်းဘ၀လန်းဆန်းစေဖို့
သူဘ၀နေ,ခခဲ့ရတယ်
ပန်းရနံ့သင်းပျံ့စေဖို့
သူဘ၀ညစ်ပေခဲ့ရတယ်…
ဥယျဉ်မှုးတဲ့…
နောက်ဆုံး..
ပန်းကလေးတစ်ပွင့် အလှတင့်တော့မှ
ပန်ဆင်သူလက် ,၀ ကွက်အပ်နှင်း
သူချစ်ခြင်းအတွက်
ပိတိစားရင်း
ကျေနပ်ခဲ့ရတယ်…
—
ဒီတူးဆစ် (တောင်ငူ)
Comment #3
ဖတ်ပီးကျေကွဲသွားပါတယ်…..
By: May Kha at Mar 6, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
tate tate lay kyate nay dar koe..
thu myar nout par twar tar pop,.