အမေ အားတက်ပါစေ
အမေ… မလာခင်
သုံးရက်အကြို ခွပ်ဒေါင်းယဉ်နဲ့
ကြိုမယ် အားခဲလို့
မြို့ထဲမှာ…
ကြွေးကြော်လို့ ပြင်ဆင်
သားတို့ ပျော်ရွှင်ခဲ့တယ် ။
ဟော… အမေလာပြီ
တစ်ချို့က လေယာဉ်ကွင်းမှာ
တစ်ချို့က လမ်းဘေးဝဲယာ
လာမယ့်လမ်းမှာ ပြည့်ကျပ်စွာ
နှုတ်ဆက်လို့ ကြိုဆိုကြတယ် ။
ဒါတင်ပဲလားဗျ…
အောင်မြေနင်းမယ့် အောင်ပင်လယ်ကွင်းမှာ
တစ်ချို့က လေးနာရီ
တစ်ချို့က ငါးနာရီမှစလို့
စေသူမရှိ ကိုယ်ပိုင်အသိ
သားတို့ရင်မှာ ကိုယ်စီရှိလို့
လာကြတယ် စောင့်ကြတယ်
ပြည်သူချစ်တဲ့ အမေ့ကိုလေ ။
ပူပြင်းတဲ့ မန်းလေးနွေက
အမေ့မေတ္တာကြောင့်
အေးမြလို့နေခဲ့ပေါ့
မိုးသည်းတော့ ရွှဲစိုလို့
ချမ်းတုန်နေလဲ အမေ့မေတ္တာကြောင့်
သားတို့ရင် နွေးထွေးလို့နေခဲ့ပါတယ် အမေ… ။
ခရီးပန်းလို့ အမေနေမကောင်းဘူးတဲ့
စိတ်မကောင်းလို့ ဆုတောင်းမိတယ်
ပြည်သူမေတ္တာ သားတို့စေတနာကြောင့်
အမေ ကျန်းမာပါစေ… ။
ဒီမိုကရေစီလမ်း ခရီးကြမ်း၏
ဆူးညောင့်ခလုတ် ဖယ်ကာရှားလို့
အမေလှမ်းမယ့် လမ်းတစ်လျှောက်
ခရီးပေါက်အောင် သားတို့ ဖေးကူပါရစေ.. ။
သားတို့ အမေ…
အမေ ဒေါ်အောင်ဆန်းစုကြည်ကို
ဝိုင်းရံထောက်ခံ အားဖြည့်လို့
အမေအကူအညီနဲ့ တိုင်းပြည်အကျိုး
သားတို့ သယ်ပိုးမယ်လို့
သားတို့ သစ္စာဆိုပါတယ် အမေ…။
Comment #1
၃ ရက်နေ့က ခံစားချက် အပိုင်းအစလေးတွေပါဗျာ