စောက်ရူးတစ်ယောက်ရဲ့ ဆေးလိပ်သမိုင်း
တကယ်တော့ . . . ကျွန်တော့်တစ်ဘဝလုံး
ဆေးလိပ်စော်နံနေခဲ့တယ်
မျှော်လင့်ခြင်းတွေ အကြိမ်ကြိမ် ရှိုက်ဖွာ
တဖက်မှာ . . . အိပ်မက်တွေလောင်ကျွမ်း
ပြာဘဝကို လွင့်ကြွေကျ
ဆေးလိပ်သောက်ရမှာကို (ကျွန်တော်)
ကြောက်ရွံ့  . . . မက်မော . . .
နှစ်သက် . . . စိတ်ပျက် . . . လာပြီ ။ ။
ဟုတ်တယ် . . . ကျွန်တော်က သောက်ရူး
စောက်ရူးဗျာ . . . စောက်ရူး
အဲ့ဒီ ဆေးလိပ်သောက်ပြီးမူးနေတဲ့အကောင်
ရေတအိုင်ခွက်ထဲနဲ့  လတစင်းပြည့်နေတဲ့ကောင်
နံနက်ခင်းမရှိပဲ လင်းချင်တဲ့ကောင်
တစ်ဘဝလုံးလွမ်းပြီး ရူးနှမ်းနေတဲ့ကောင်
အဲ့ဒီလောက် သောက်သုံးမကျတဲ့အကောင်
ကျီးထိုးထိုး . . . ခွေးစားစား . . .
ဘာဖြစ်ဖြစ် ဘာနဲ့ မှမတန်ဘူး . . .
သေစမ်း . . .
အဲ့ဒီ မီးကျွမ်းတဲ့  ပြာငရဲထဲ
အကြိမ်ကြိမ် အဖန်ဖန် သေစမ်း
တကယ်တမ်း နင်သတ်ခဲ့တခါ
ငါကိုယ်တိုင် အပြန်ပြန် သေရတာက
အ . . . ခါ . . . ခါ . . .
8th March, 2012
11:06pm
နွေဦးညီလတ်
Comment #4
သောက်ရူးတစ်ယောက်ရဲ့ကွမ်းသမိုင်းဆိုတာလေး ဘယ်တော့ရေးမလဲဗျ ဖတ်ချင်လို့ 🙂
ကဗျာအရေးအသားက ပြိုင်ဖက်မရှိနိုင်အောင်လန်ပြန်ထွက်နေသည်
ဖတ်သွားသည် ။

Comment #6
aww,,
bar hma ma loak tar ma shi par lar naw,,
ha,,ha,,

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဆေးလိပ် လျှော့သောက်ပေါ့ဗျာ ။ 🙂