“သနပ်ခါး”
“ငါက တပါးသူ အရေပြားအတွက်
တခါက သနပ်ခါးပင်လေး ဖြစ်တယ်” ( ၀င်းမြင့်-ပုဂံ- (မှ) )
ပေးဆပ်ခဲ့ရမှုကို ပြန်ပြန်တွေးလည်း
နောင်တဆိုတာ လေတိုက်လို့ပါသွားတဲ့
ဖုံတစ်စ ငါ့အပေါ်သက်ရောက်မှု
ှုအားမကြီးခဲ့ ဆင်ဖိုနီတစ်ခုပဲ (မင်းက)
ငြိမ့်ညောင်းစွာနဲ့ ကာလတိုတစ်ခုစာ
ငါ့ကိုပြုစားခဲ့ပေါ့ မင်းက ကဗျာတစ်ပုဒ်ပါ
ဟိုးအရှေ့မှာ..
ကြိုးပျက်နေတဲ့ အခန်းထောင့်က ဂစ်တာ
အဲ့ဒါ ငါပဲ ဖုန်နံရော မှိုနံရော
မဆေးမချွတ်ပဲထားတဲ့ မူလအနံနဲ့ရောပေါ့။
တို့နှစ်ယောက်ကြား သွေးအေးမှုက
မုန်တိုင်းမတိုက်ခင် အေးချမ်းနေသယောင်
တစ်ယောက်နဲ့တစ်ယောက်
မျက်စိဒေါက်ထောက် သူ့အမှား
ကိုယ့်အမှားစောင့် နောက်ကျောကိုထိုးဖို့ဓါး
ကိုယ်စီနဲ့ ကိုယ့်အမှန်တရားနဲ့ကိုယ်
ဘေးချင်းယှဉ်ရပ်ခဲ့ကြပြီ ။
“ရော့ ဒီ ပင်နယ်တီ မင်းသွင်းလိုက်
ပွဲရှုံးလည်း ငါကြေးနိုင်တယ်”
ဒါ မင်းဘက်က သဘောထားလား !!
ငါ ပကတိနီးပါး ရိုးသားခဲ့ဖူးတာ
ရှားရှားပါးပါး မင်းတစ်ယောက်တည်း
လုပ်ရက်သမျှ လုပ်ပေါ့ မာရီယာ ။
ဖတ်လေခေါင်းကိုက်လေ
အချစ်ကဗျာတွေ
ဒီနေ့ဆိပ်ကမ်းကို ရူးသွပ်ခြင်း
တွေပဲ ဆိုက်ရောက်လာတယ်
ကိုယ့်ကိုယ်ကို တည့်မတ်ဖို့
တောင်ဝှေးလည်းမရှိတော့ နာပါ့(မြတ်သူ)
အဲဒီ့တော့…
ကိုယ့်ကိုယ်ကို ပဲ မီးတင်ရှို့
ငါ့မီးခိုးတွေ မင်းပါးပြင်ပေါ်ရိုက်ခတ်
စူးရှစွာ မင်းအလှပိုသွားပြီပေါ့
ငါ့ကို စားသုံးပြီးနောက်
ထိုက်တန်စွာ မင်းအလှပိုသွားခဲ့
ဘုံကြိုးပျက်သည့် နှယ် ။
မောင်မြတ်သူ
Comment #2
ဖတ်သွားတာကျေးဇူးပါရေးရေ 😀
Comment #3
hint,,
Comment #1
အော် ကိုမြတ်သူရအောင်ကသနပ်ခါးကြိုက်တယ်ထင်တယ်ဗျ နော် 🙂
ကဗျာကောင်းတစ်ပုဒ်
အရင်ကအရေးအဖွဲ့ပုံစံနဲ့လုံးဝမတူ
အရင်ကအရေးအဖွဲ့ပုံစံတွေလည်း ပညာသားပါပါသည် သို့သော် ဒီအရေးအဖွဲ့ပုံစံကပိုဖတ်လို့ကောင်းသည် ( ဒါကျွန်တော့အမြင်ဖြစ်သည် လူတိုင်းအတွက်မှန်ချင်မှမှန်မည် )
ဖတ်သွားသည် ။