“ သက်ပြင်းချနေရတဲ့ ည/လမ်း တွေအကြောင်း ”
“ သက်ပြင်းချနေရတဲ့ ည/လမ်း တွေအကြောင်း ”
မျှော်စင်မရှိတဲ့ကျွန်းမှာ အနောက်ဘက်ယွန်းယွန်းကိုပဲ မျှော်နေမိတယ် ခင်းဗျားပြောခဲ့သလိုပါပဲ အဲဒီ့တုန်းက
ဆိုတာတွေက ခါးတယ်/ဟုတ်ပါတယ် ဆေးရောင်လွင့်နေတဲ့ ပန်းချီကားတစ်ချပ်ထက်စာရင် နေလုံးကိုရွက်ပြီး
လျှပ်စစ်အခပ်ဆင်းနေတဲ့ ညနေခင်းတွေက ပိုလှသလိုပါ/ပဲ အိပ်မပျော်ဘူး သံစဉ်မရှိသလို မငြိမ့်ညောင်းဘူး
ရူးပါတယ် ခင်းဗျားမသိတော့ပါဘူးဆိုတဲ့ စကားလုံးတွေထက် ခင်ဗျားပိုသိခဲ့ပါတယ် လ၀န်းမှောင်မိုက်တဲ့
နေ့တွေမှာ ကြယ်တွေကို မီးတိုက် တစ်ဆိတ်ဗျာ ကျေးဇူးပြုပြီးလို့ မပြောပါနဲ့ သံစဉ်မရှိတဲ့ လူမိုက်အကြောင်း
ကျွန်တော်သိပါတယ် နားပါ မဟာဘုတ်တိုင်ပေါ်မှာ နားပါ ပုတိဖွားဆိုတဲ့နေရာမှာ ရပ်/ထား ပါ
နိုက်ကလပ်ယောင်ဆောင်ထားတဲ့ညမှ မဟုတ်ပဲ သူလည်း မာကျူရီမီးရောင်နဲ့ နူးညံကြည်နူးတဲ့ အပြုံးနဲ့
ကြောက်ရွံထိတ်လန့်နေတဲ့ မျက်နှာနဲ့ လူသား ဆန်ပါတယ် သမီးရဲ့ငိုသံနဲ့ ဇနီးရဲ့ ချော့သံဟာ
ရင်ဘတ်ထဲလာစိုက်တဲ့ မြှားတွေ/မီးပါပဲ ပုဒ်မချထားတဲ့အရပ်ကနေတောက်လျောက်ကြီးပြောင်းပြန်လောင်တယ်
တောင်မင်းမြောက်မင်းမကယ်နိုင်ဆိုတာကို ကြက်ခြေခတ်ထားတဲ့ လူတစ်ချို့ရှေ့မှာ ဦးညွတ်တယ်/
သံယောင်လိုက်တယ် ထို့ကြောင့် မျက်နှာဖုံးဆန်လာ/ပါ တယ် အာဒံပျောက်ဆုံးသွားတဲ့ နံရိုးအကြောင်းထက်
နောက်ကျောကမိုးထားတဲ့ဓါးတစ်လက်ကို ပိုစိတ်ဝင်စားနေမိတယ်
ကြယ်စစ်သည်
Comment #2
အားပေးသွားပါတယ်ဗျ
Comment #1
နေလုံးကိုရွက်ပြီးလျှပ်စစ်အခပ်ဆင်းနေတဲ့ ညနေခင်းတွေက ပိုလှသလိုပါ/ပဲ အိပ်မပျော်ဘူး