ဆောင်းပုံရိပ်ထဲက မောင့် အကြောင်း
ဆောင်းပုံရိပ်ထဲက မောင့် အကြောင်း
ဒီဆောင်းလေရဲ့ တစ်မနက်ခင်းတိုင်း
တုန်ရင်နေတဲ့ ရင်ခုန်သံတစ်ချို့
ခပ်နွေးနွေး နေခြည်လင်းကို
အထပ်ထပ်ထွေး လွေးခွင့်ရဖို့သာ
တစ်မိနစ်ချင်းအားတင်း
မင်းမဟုတ်တဲ့ တစ်ခြားသူကို ငါမျှော်နေမိပေါ့၊
ဟော!…..ရွှေအဆင်းလား
ကိုသူရိန် တောက်ပလင်းတော့
မင်းရဲ့ကိုယ်ငွေ့ပမာ ငါ့ခန္ဓာပေါ်ဖြာဆင်းမယ်
ငါ….မျက်လုံးလေးအသာမှိတ်လို့
စိတ်ကူးလိုက်ရုံနဲ့ နှလုံးသားထဲအထိနွေးထွေးသွား
ဒါပေမယ့်!……ချစ်သူရေ၊ငါ့မှာ……
တစ်လှမ်းချင်းကို အားအင်းမဲ့ပေါ့၊
တုန်ရီမောဟိုက်သံတွေကြား
ရင်ခုန်သံနေခြည်တွေ ပျောက်ရှတော့မယ်
အသစ်တစ်ခုအတွက် အဟောင်း
မွေးဖွားခြင်းအတွက် သေဆုံးမှု့တစ်ခု
ငါလွန်ဆန်နေတဲ့ မလွန်ဆန်နိုင်တဲ့တရား
ဒီနှစ်ဆောင်းကျမှ ကြောက်ဖို့ကောင်းလောက်အောင်
မင်းပေးလိုက်တဲ့လက်ဆောင် ၊
ငါအငမ်းမရ ရှာဖွေမိတယ်
ခပ်နွေးနွေးကော်ဖီတစ်ခွက်များပါခဲ့သလားလို့၊ ။။ ။။။
nate thit……8am to 9.19 am
7 Mar2012
Comment #3
ငါအငမ်းမရ ရှာဖွေမိတယ်
ခပ်နွေးနွေးကော်ဖီတစ်ခွက်များပါခဲ့သလားလို့၊ ။။ ။။။ ( Yes. I am bringing along the warm coffee.) 😀
Comment #6
နွေနံ့သင်းတဲ့ဆောင်း 🙂
Comment #1
arr pay phat shu twar par d.