ဘီလူးနက္ခတ်နဲ့ ငါ့ရဲ့ ပန်းဆက်လမ်း (night^ )
ငါ့ရဲ့ …
ပြာလွင်သော အိပ်မက်တိုင်းပြည်မှာတော့
မင်းဟာ …
ရိုးသားမှုတွေ အစီအရီနဲ့ တားထားတဲ့…
မကောက်ကွေ့သော မြစ်နဒီပေါ့
ငါ့ နှလုံးသားရဲ့
ကြေမွကွဲအက်ခြင်း ပြယုဂ်ဟာ …
မင်း နှုတ်ခမ်းပါး မာယာရဲ့
မှန်နန်းရာဇဝင်တပုဒ်တော့ဖြစ်နေပါလိမ့်မယ်
ချစ်သူရယ် …
ဒီ ရင်ခွင်က
ဧကရီမဲ့ ခန်းဆောင်ယဲ့ယဲ့မှာ …
ငါ့ကိုယ်ငါ
အိပ်ဖန်စောင့်အဖြစ် …
ခန့်အပ်ခဲ့ချင်ပါတယ်
ဘာအတွက်လဲ …
အပြုံးလေးတခု နှုးညံစွာလင်းလက်ဖို့
ဘီလူးနက္ခတ်တွေနဲ့
ကိုယ့်ကိုကိုယ်
ပေါက်ကျဲဖြန့်ကျက်လိုက်စမ်း …
နွေဦးတို့ အဆက်ဆက်
ဒီလို …
အပြုံးပန်းဆက်လမ်း အပြန်မှာတော့ …
တဦးတည်းသော ပျော်တော်ဆက်က
နှလုံးသွေး ရပ်လျှက်ပေါ့ကွယ်
night^
Comment #2
ချစ်သူရယ် …
ဒီ ရင်ခွင်က
ဧကရီမဲ့ ခန်းဆောင်ယဲ့ယဲ့မှာ …
ငါ့ကိုယ်ငါ
အိပ်ဖန်စောင့်အဖြစ် …
ခန့်အပ်ခဲ့ချင်ပါတယ်
ဒီစာသားကိုအရမ်းကြိုက်ပါတယ်
Comment #5
wow,,,,
mike de kwar,
Comment #6
ငါ့ နှလုံးသားရဲ့
ကြေမွကွဲအက်ခြင်း ပြယုဂ်ဟာ …
မင်း နှုတ်ခမ်းပါး မာယာရဲ့
မှန်နန်းရာဇဝင်တပုဒ်တော့ဖြစ်နေပါလိမ့်မယ်…………
Comment #10
ဒုတိယအကြိမ်မြောက် ရောက်ခဲ့ပြန်တယ် ကောင်းလိုက်တာဗျာ.. တန်ပါတယ် ဒီကဗျာလေးအတွက်လာရတာ..
လေးစားလျက်
Comment #11
ငါ့ရဲ့ …
ပြာလွင်သော အိပ်မက်တိုင်းပြည်မှာတော့
မင်းဟာ …
ရိုးသားမှုတွေ အစီအရီနဲ့ တားထားတဲ့…
မကောက်ကွေ့သော မြစ်နဒီပေါ့
ငါ့ နှလုံးသားရဲ့
ကြေမွကွဲအက်ခြင်း ပြယုဂ်ဟာ …
မင်း နှုတ်ခမ်းပါး မာယာရဲ့
မှန်နန်းရာဇဝင်တပုဒ်တော့ဖြစ်နေပါလိမ့်မယ်
ချစ်သူရယ် …
ဒီ ရင်ခွင်က
ဧကရီမဲ့ ခန်းဆောင်ယဲ့ယဲ့မှာ …
ငါ့ကိုယ်ငါ
အိပ်ဖန်စောင့်အဖြစ် …
ခန့်အပ်ခဲ့ချင်ပါတယ်
ဘာအတွက်လဲ …
အပြုံးလေးတခု နှုးညံစွာလင်းလက်ဖို့
ဘီလူးနက္ခတ်တွေနဲ့
ကိုယ့်ကိုကိုယ်
ပေါက်ကျဲဖြန့်ကျက်လိုက်စမ်း …
နွေဦးတို့ အဆက်ဆက်
ဒီလို …
အပြုံးပန်းဆက်လမ်း အပြန်မှာတော့ …
တဦးတည်းသော ပျော်တော်ဆက်က
နှလုံးသွေး ရပ်လျှက်ပေါ့ကွယ်
(ကျွန်တော် ကဗျာဆရာ့ကို လေးစားတာက အဲဒီကွန်မန့်ကြီးထက် အများကြီးပိုရှည်ပါတယ်ဗျာ…
သိပ်ကောင်းတဲ့ကဗျာမို့ တတိယအကြိမ်လာဖတ်တာတောင် တန်နေတုန်းပါ..။ အားပေးပါ့မယ်ဆိုမှ ကိုညငှက်ရဲ့ ကဗျာတွေ မြင်ကို မမြင်ရတော့ဘူး….
ကဗျာဆရာရေ…အားကျတယ်
Comment #1
မကောက်ကွေ့သော မြစ်နဒီပေါ့…
အဲ..နော်ကတော့နဲနဲကောက်ကွေ့တယ်(နောက်တာ..ဟီး)
ဒီကဗျာလေးလဲကြိုက်ပါတယ်..