စောင်းတလက်၏ အိပ်မက်မဲ့ခြင်း (night^ )
မေ့ပျောက်ခြင်း လင်္ကာဟာ
တမ်းတခြင်း မာတိကာနဲ့ …
အဘယ်ကြောင့် စပါသလဲ
ပစ္စုပ္ပန်ရဲ့ အနောက်…
ချစ်ရသူ တယောက်ကို
မေ့ပျောက်ဖို့ ကြိုးစားလိုက်ရင်
ငါဟာ …
မိုင်ပေါင်းများစွာသို့
ဝေးကွာလွင့်စင် …
ငါ့ရင်ခွင်မှာ ပိုက်တဲ့စောင်း
ချစ်ခြင်းဆိုတဲ့ …
အဟောင်းဆိုင်မှာတောင်
ရောင်း မကောင်းတော့ …
ချစ်သူရယ်
ဒီလိုမှန်းသိခဲ့ရင် …
အိပ်မက်တွေ ပယ်ဆစ်လို့
မင်းကို ငါ ချစ်ခဲ့တယ်
night^
Comment #2
အသဲကွဲဘူးတယ်ထင်တယ်
အဲဒါကြောင့်စာသားတွေလန်ထွက်နေတာ
By: ဖြိုး at Oct 2, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
mite mite ~