တိတ်ဆိတ်စွာ ပွင့်အာခြင်း (night^)
ဖြူဆွတ်မှုန်ပြသော
နှလုံးသား တစ …
ရူးမိုက်ခြင်းများစွာနဲ့
လက်နက်ချလိုက်ပါရဲ့
ရိုးသားစွာ
ခစားလာတဲ့ သုံ့ …
နေကွယ်သော တောင်စွယ်နဲ့
မတုန့်ပြန်ရဘူးလို့
ဘယ်သူက ပြောဖူးပါသလဲ
နေမဝင်ကကြိုးများနဲ့
အောင်သေအောင်သား …
သောက်စား သွားတော့ ချစ်သူရယ်
ခေါင်းကျကျ …
ပန်းကျကျ …
ငါက သေရမယ့် ကောင်ပဲ
ချစ်တယ်ဆိုတဲ့ စကား
မင်းကို …
အဝေးဆုံးသို့ ပြေးထွက်သွားစေမယ်ဆိုရင်
…
ခေါင်းငုံ ခေါင်းခါ
ငါဟာ …
ဘယ်နှခါ ရှုံးနိမ့်ရပါမလဲ
ဒီလိုနဲ့ပဲ …
စကားလုံးတို့ အပြိုင်းအရိုင်းနဲ့
ငါရဲ့ ပန်းပျိုးတိုင်းပြည် …
တိတ်ဆိတ်ခြင်း တပွင့်သာ
ပွင့်အာခဲ့ပြန်ပြီ
night^
Comment #2
ညီမလေးရေ …
ပြောချင်တဲ့ စကားလုံးများသာ များများလာခဲ့
မပြောဖြစ်ခဲ့ဘူး
နားထောင်ချင်တဲ့သူ အသင့်ရှိနေလျှက်နဲ့
ပြောခွင့်ဆိုတာ ဘယ်တော့ရောက်လာမှာလဲ
By: htetminpaing09 at May 31, 2010
Comment #4
အရမ်းကြိုက်တယ်
By: 13th at Mar 20, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘာ တွေ များ အာ ခဲ့  ဘာ သ လဲ ဟင် ..