“မျက်နှာဖုံးနဲ့ ကံ့ကော်”
စိတ်တော့မရှိနဲ့ ကံ့ကော်ရေ
အိပ်ရာကနိုးတိုင်း ကိုယ့်စိတ်တွေကို
ဓါးနဲ့ထိုးပြစ်ချင်စိတ်ဖြစ်ပေါ်နေပြီ။
ဘ၀ကို လဲဈေးမဆစ်ချင်တော့ဘူး
ကြိုက်ရောင်းကြိုက်ဝယ် စိတ်ဓါတ်ရှိရင်
ဘာလို့များ ဒီဂိုးကို ကန်ချက်ပြင်းပြင်းနဲ့
ထောင့်ကျကျ ဂိုးအောင်ကန်ခဲ့သလဲ။
ပြစ်စားမထိုးထားတဲ့ ခေါင်းမိုးကို
ရင်ဘတ်ပေါ်တင်ချစ်သွားသလိုမာယာပါတဲ့
အားလုံးဟာ ဟာသပါပဲတဲ့
မျက်မမြင်တစ်ယောက်ရဲ့ပဟေဠိဆန်တဲ့မေးခွန်းပဲတဲ့။
ဟေ့..ဒီမှာသူစိမ်း
ကံကော်ရိပ်က ကဗျာတစ်ပုဒ်
ခြံရံမလာမိတဲ့မာန
တစ်ညလုံးပြုံးနေတဲ့ လမင်း
ဂစ်တာတစ်လက်နဲ့ ငှက်တစ်ကောင်
ကဗျာနံပဲရတဲ့ ဗလာလူ
ထိုသူအသဲကို ဘာကြောင့်စစ်မကြေညာပဲ
ရိုတ်ခွဲသွားတာလဲ
မျက်လုံးဖွင့်မှုတိုင်း ခုန်ခုန်ဝင်စောင့်နေတာလဲ
ဆားပက်ခဲ့ပြိး ပက်ကြားအက်ခဲ့စေတာလဲ။
မှတ်ဥာဏ်အသီးသီးလဲ ဆွဲစုတ်ချင်စရာရယ်
နှလုံးသားကလဲ နှားစေး၊ချောင်းဆိုးနဲ့
ငါကိုယ်တိုင်ကိုလမ်းမှားနေသော ဆင်ပဲ
ပိန်လိုက်ဖောင်းလိုက် စိတ္တဇပဲ
မျက်လုံးရှိပြီး မမြင်တတ်သော ငကန်းပဲ။
ငါကတော့ ငါ့လွတ်လပ်မှုနဲ့ငါ ပွင့်လင်းလို့
အိပ်ရာထအခင်းအကျင်းတွေလဲ တယုတယစုတ်ကိုင်လို့
ကိုယ့်အနာနဲ့ကိုယ် ဆေးမတည့်လို့
ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်နားထိုင်းလို့။
ကဗျာတွေကြီးပဲ မွေးထုတ်လိုက်တယ်။
ဟူး………..
ကံ့ကော်ရေ…
အခုဒီကဗျာလဲ မာန်မာနလိုလိုနဲ့
ပြင်းပြင်းထန်ထန်ကြီး ရင်ကွဲနေပါပေါ့လား။ ။
ဂျစ်ပစီ(မင်းမင်း)၊ကမ္ဘာကဗျာများနေ့ အမှတ်တရ
Comment #1
khan sar arr pay twar par d