ဆုတောင်း
နင်နဲ့ငါ ချစ်ခဲ့ကြတယ်လေ
နင်မှတ်မိသေးလား
ကျောင်းမှာ နင်အဖြေပေးခဲ့တာလေ
နင်မေ့သွားပြီလား
နင်ပေးခဲ့တဲ့ ကတိ
ငါကလွဲပြီး ဘယ်သူ့ကိုမှ မယူဘူးဆိုတာလေ
အခုတော့
နင်လုပ်ရက်တယ်
ငါ့ကိုတစ်ယောက်တည်းထားပြီး
နင်ပျော်နေပြီပေါ့လေ
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
ဆုတောင်းလိုက်ချင်တော့တယ်
‘ကမ္ဘာအဆက်ဆက် နင့်အသည်းကို
ခွဲရသူ ဖြစ်ရပါလို၏’
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
a me lay,,
kyauk sa yar g,,