ဒဏ်ရာည
တယုတယပျိုးထားတဲ့မျှော်လင့်ချက်တွေကိုမှ
တံစဉ် နဲ့ သိမ်းယူသွားတဲ့
မိန်းမလှ ရေ..
စီးဆင်းသွားတဲ့မြစ်များလို
ကမ်းပါးကို တရိပ်ရိပ်ဖဲ့စားရင်း
အတွင်းဒဏ်ရာအပြည့်နဲ့
လပြည့်ညကို မြင်လှည့်ပါ
သစ်ပင်ဝါးပင်များလို
အစိမ်းရောင်မသန်းပေမဲ့
မင်းရဲ့ စိမ်းကားမှုက
ပြင်းပြင်းထန်ထန်
ရာစုခြားက ကျောက်စာထက် ပိုခိုင်မာတယ်
ဘယ်တော့မှရောက်မလာတဲ့ပျော်ရွှင်ခြင်းဟာ
ငါ့ကို တမလွန်မှာစောင့်နေတယ်ထင်ပါရဲ့
ဒီလိုပါပဲ ဒီလိုပါပဲ ဒီလိုပါပဲ တဲ့
သက်ပြင်းချသံနဲ့တူတဲ့လေတိုးသံက
သစ်ရွက်ဝါလေးတွေနဲ့ ဆင်းသက်လာတယ်
ငါ့ကို ဒီသစ်ရွက်တွေနဲ့ ဖုံးအုပ်
လောင်တိုက်သွင်းပစ်လိုက်စမ်းပါ
မင်းပေးတဲ့ ရင်တွင်းအပူမီးထက်စာ ရင်
ဒါတွေဟာ ငါ့အတွက် မြောက်ဝင်ရိုးစွန်းက ဆောင်းတွင်းပါ
တတိတိ ပြတ်ကျသွားတဲ့ ပြက္ဒဒိန်စာရွက်တွေလို
ငါ့ အိပ်မက်တွေပဲ့ကျ
အထီးကျန်ရွက်လှေက လောင်ကျွမ်းခြင်းမဲ့အပူမီးနဲ့
သမုဒ္ဖရာ အစွန်မှာ ဂူသွင်းသဂြိုလ်မယ်တဲ့
ဘယ်လောက်များယုတ္တိ ကင်းမဲ့နေသလဲ။
အစထဲ က အချစ်ဆိုတာ ယူတ္တိ ကင်းမဲ့နေတာပါ။
Comment #1
oh,,,god,,,
suffer so much?