ခုန်ပေါက်နေသော….
ခုန်ပေါက်နေသော…
အကြောင်းအရာကတော့ တတိယတန်းစားတွေရဲ့ ရောဂါကို
ရည်ညွှန်းတယ်၊ လူတွေဟာ ထစ်ခနဲဆို ထိတ်လန့်နေတဲ့
မျက်နှာတွေနဲ့ စူးစိုက်ကြည့်နေကြတယ်။ ရုတ်တရတ် ဖြတ်
မောင်းသွားတဲ့ ရှုမျှော်ခင်းတွေက မီးလောင်သွားပြီးနောက်
လေဟာ ရွှေထက်တောင် ရှားပါးသွားတယ်၊ ဒိုင်းနမိုက်တွေ
ထမ်းပိုးလျှိုလာတဲ့ စိတ်ကူးအဆန်းများနဲ့ မိုက်မဲသူတွေကတော့
“လူသည်လွတ်လပ်ဧ။်” ဆိုပဲ ၊ အရှုံးနဲ့ နေသားတကျ ရှိသူတွေက
ကျန်နေခဲ့တဲ့ ဆောင်းရာသီ အကြောင်း ၊ လှမ်းခဲ့တဲ့ တောင်တန်းတွေ
အကြောင်း ကဖေးမှာ စာမြုံပြန်နေကြတယ်။ အနာဂတ်ကိုသွားတဲ့
လမ်းမှာ သစ်ပင်ပုပုတွေနဲ့ သူတို့ကို ”ကျွတ်ကျွတ်အိပ်”လို လူပြောများ
နေတဲ့ ပေါ်ပင်တစ်ခုလို ဆက်ဆံခံနေရတာကတော့ ချည်ပြီး/တုတ်ပြီး
ရေတွင်းထဲ ပစ်ချနေတဲ့ စာနာယောင်ဝါး မှုပဲ။ အလိုမအတူဘဲ အထီးကျန်
ဖြစ်ရသူ တွေ၊ အိုဗာအိုက်တင် ရုပ်ရှင်ဇာတ်ကားတွေ၊ လွတ်သွားတဲ့
ငါးကြီးကြီးတွေ ၊ စုတ်ချက် ကြမ်းကြမ်းနဲ့ခြစ်ထားတဲ့ စိတ်တိုင်းမကျတဲ့
နေ့တွေ ၊ လက်ပံပွင့် စူးစူးထဲမှာလိုမျိး မွေးဖွားခဲတဲ့ အရေးမကြီးဘူးလို့
မင့် ထင်ထားတဲ့သူတွေ ဒီကဗျာကို စီးနင်းပြီး မင့်ရင်ဘတ်အလွတ်ကြီးပေါ်
တက်ပီးခုန်ပေါက်နေပြီ။
(အညွှန်း – Poetry Life 2011
Index OF FIRST LINE များ)
မောင်မြတ်သူ
Comment #3
🙂
Comment #1
FLURF