မျက်စိနဲ့ ထုဆစ်ခဲ့တဲ့ ရုပ်လွှာ..အသက်၏ ချစ်ခင်ခြင်း(AUGUSTE RODIN)
သူရဲကောင်း မဟုတ်ဘူး တဲ့လား..
ဟုတ်ပါတယ် ..လူထဲကလူ တစ်ယောက်ပါ…
ခြစ်ကုတ်ပြီး ဖြေရှင်းနေရတာ သာမန်လူ လို့ပဲ ဆိုရမှာပေါ့လေ
လိုချင်တာ ရှေ့ဆောင်ဖို့
လမ်းလျှောက်ပြီး ကြေးခေတ်ကို ထုဆစ်ခဲ့တယ်
အမြင်မှာ ငါဟာ ရိုင်းစိုင်းနေတယ်တဲ့လေ
တမန်တော်ကို ချွတ်ခွာပြခဲ့တာ စိတ်ရဲ့စေရာပါ
လွယ်လွယ်နဲ့ နှာခေါင်း၇ိုး ချိုးခဲ့တာမှ မဟုတ်တာ
အနုပညာ..အနုပညာ ရင်ဘတ်မှာ ထားစရာနေရာမရှိဘူး
သွေးသားတွေထဲမှာ မွတ်သိပ်နေတာ ကျောက်ဆစ်ရဲ့ မျက်နှာပြင်တွေသာဖြစ်တယ်
ကျောက်သားတွေထဲမှာ သွေးတွေဆူပွက်
အနုပညာငှက် တစ်လွင့်လွင့် ပျံသန်းရင်း အသက်ဆက်
ဘ၀ဟာ အကြွင်းမဲ့ သုညတစ်ဝက်သာ ရရှိခဲ့တယ်
ရှင်သန်နေဆဲ နှလုံးသွေးထဲမှာ ငါဟာ……………………….
……………………. တည်မြဲ တည်ဆဲ.. တည်နေမြဲ……။
ဖြိုးဝေ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service